.43.

1.1K 176 9
                                        

Unicode

အချိန်အားဖြင့် လေးရက် ကြာခဲ့ပြီ သို့သော် ဘာအခြေအနေမှ ထူးမလာပဲ ပုံမှန်ဖြစ်နေသည့် ဒမ်ဂါ။ ဆယ်ကိုရာကတော့ ထုံးစံအတိုင်း ဗြူဟာတွေကိုသာ အကွက်ကျကျ ချမှတ်နေပြီး အလုပ်ခန်းထဲက မထွက်တော့။

ဂျွန်ကတော့ နေရာမှာသာ စာရွက်တစ်ရွက်ပေါ် မှင်ခဲနဲ့ လျှောက်ခြစ်နေသည်။ လက်တစ်ဖက်လုံး မှင်မှုန်တွေ ပေနေသည်အထိ သူ့စိတ်တွေက လွတ်ထွက်နေတာဖြစ်သည်။

' အဲ့လောက်လွမ်းနေလည်း ပြန်လိုက်တော့။ '

ရုတ်တရက် ထွက်လာတဲ့ စကားသံကြောင့် ကြည့်လိုက်တော့ ဆယ်ကိုရာက သူ့ရှေ့က စာရွက်တွေကို ညွှန်ပြလာသည်။

သူမပုံစံက ဒေါသထွက်နေတာပဲ။ သူကိုက စိတ်နဲ့ကိုယ်နဲ့ မကပ်တာမို့ ဆယ်ကိုရာ ပြောနေတဲ့ စကားတွေကို အာရုံ မစိုက်မိ။

' နည်းနည်းစိတ်လွတ်သွားလို့။
ခုနက ဘာပြောလိုက်တာလဲ။ '

မျက်စိရှေ့က စာရွက်တွေကို ကောက်ကိုင်ပြီး ပြန်မေးနေသည့် သခင်... ဒီလိုဆို အစအဆုံး ပြန်ပြောရတော့မှာပဲ။

မတတ်နိုင်ဘူးဆိုကာ ပြန်ပြောမယ် လုပ်တော့ စားပွဲထောင့်မှာ ချထားသည့် လက်ကိုင်ပုဝါစ အဖြူ။

ကိုယ်နဲ့မကွာ ဆောင်တတ်လာသည့် ထိုပုဝါဟာ အမြဲခေါက်လျက်သာ ဖြစ်သည်။ သို့သော် သွေးနီနီတွေ စွန်းထင်းနေတာကိုတော့ တစ်ချက်တစ်ချက် မြင်နေရသည်။

' အဲ့တုန်းက ဆေးမှတ်တမ်းကို ပြန်ရှာပေမဲ့.. '

' မလိုဘူး။ ဒမ်ဂါက ပိုအရေးကြီးတာပေါ့။ '

အမှန်တော့ ဖြေဆေးဖော်ဖို့ရာ အဆိပ်မှာ ပါဝင်တဲ့ ပန်းနွယ်တွေကို သိဖို့လိုသည်။ ကိုယ်တိုင် ဖော်စပ်ခဲ့တာ မှန်ပေမဲ့ အကုန်လုံးကို အတိအကျ မှတ်မိဖို့က ခက်သည်။

အသက်ကို သေစေဖို့ လိုအပ်တာက နှင်းဆီ တစ်မျိုးထဲမှ မဟုတ်ပဲ။ အဆိပ်ရည်ကို နေ့တိုင်း ကျွေးဖို့ နူးညံ့တဲ့ ပန်းရနံ့တွေကို ရောစပ်ခဲ့ရသေးသည်။

သို့ပေမဲ့ သေချာစဉ်းစားကြည့်ရင် ဒါက အဆိပ်ဟုတ်မနေဘူး။ ဒီအဆိပ်က ရှူမိရင်သာ ပြင်းထန်စေတာ။ မတော်တဆ ရှရုံလောက်နဲ့တော့ ဘာမှမဖြစ်တတ်ဘူး။ တစ်ခုပဲ ရှိတယ်။ သွေးနဲ့ဓာတ်မတည့်ရင်တော့..

THE NAWROYA - နော်ရိုရာအရှင်Nơi câu chuyện tồn tại. Hãy khám phá bây giờ