.17.

1.4K 220 7
                                    

Unicode

' သခင်မ။ ကျနော်လာပါတယ်။ '

ခပ်တိုးတိုး အသံကြောင့် မျက်လုံးတွေကို ဖြေးဖြေးချင်း ဖွင့်ကာပင် သက်ပြင်းချလိုက်မိသည်။ နာကျင်မှုကြားမှ ရုန်းထွက်ကာ ထလိုက်သည်။

ကြည့်လိုက်‌တော့ ဇမ်း။
လက်ထဲမှာလည်း စားစရာ တချို့ရှိနေသည်။ ပြဿနာကို မီးထွန်းရှာသည့် ဇမ်းကိုပင် ဆယ်ကိုရာ ဒေါသထွက်မိသည်။

သစ်သားစားပွဲမှာ ဝင်ထိုင်ရန် ခြေတစ်လှမ်းလောက် လှမ်းလိုက်တော့ ကျောပြင်က ဒဏ်ရာစတွေဟာ တစ်စတစ်စဖြင့် ပြဲထွက်သည်ထင် မျက်ရည်တောင် ဝေ့လာသည်။

အံကိုကြိတ်ကာပင် ဖြေးဖြေးချင်း လျှောက်ကာ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ သေချာသည်ကတော့ ဝတ်ထားသည့် ပိတ်စဖြူဖြူမှာ သွေးစတွေတော့ စွန်းနေတော့မည်။

စားပွဲပေါ် တံတောင်ဆစ်ဖြင့် ထောက်လိုက်ရင်း နားထင်ကိုသာ ဖိကိုင်ထသည့် ဆယ်ကိုရာထံမှ စကားသံဟာ ခပ်တိုးတိုး။

' ဘာကိစ္စလဲ။ '

' ကျနော်မုန့်တွေ ယူလာပါတယ်။ နည်းနည်းလောက်စားလိုက်ပါ။ '

ခေါင်းခါသည့် ဆယ်ကိုရာ။

ဆယ်ကိုရာကို သခင်မကြီး အပြစ်ပေးထားသည်မှာ ဒီနေ့နဲ့ဆို သုံးရက်မြောက်နေ့ဖြစ်သည်။ အစာမစားရသည်မှာလည်း နှစ်ရက်တိတိ ရှိပြီဖြစ်သလို ကျောပြင်က ဒဏ်ရာတွေကိုလည်း ဆေးထည့်ခွင့်မရှိ။

ထိုဒဏ်ရာတွေကတော့ ဆယ်ကိုရာကိုယ်တိုင် သခင့်ကို နော်ရိုရာ ပြန်လွှတ်လိုက်ခြင်းရဲ့ အကျိုးဆက်တွေပင်။

အမိန့်မပါဘဲ ပြန်ခြင်းကိုတော့ ဆယ်ကိုရာဟာ သူမရဲ့ဆုံးဖြတ်ချက်လို့သာ ခေါင်းခံသည်။

ဂျွန့်ကိုတော့ သူမ ဆွဲမထည့်။ အခုလည်း ခေါင်းမာစွာပင် ဇမ်းယူလာသည့် မုန့်တွေကို တစ်စက်မှ မထိ။

ဇမ်းကတော့ ကြားထဲကပင် စိတ်ရူပ်လာရသည်။ တစ်ဖက်က သခင်ဆီကလည်း အကြောင်းမကြားရ။ သခင်မဖြစ်သူကလည်း အပြစ်ခံနေရသည်။

' ဆယ်ကိုရာ။ မင်းက အာခံတာပေါ့လေ။ '

ခပ်မာမာ အသံကြောင့် ကြည့်လိုက်တော့ တံခါးဝမှာ ရပ်ကာဖြင့် သူမနဲ့ ဇမ်းကို ရပ်ကြည့်နေသည့် မေမေ။

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now