.03.

2.1K 320 19
                                    

အဖြူရောင် ကြွေခွက်ထဲ ဂန္ဓမာပန်းခြောက် နှစ်ပွင့်လောက်ကို ထည့်သည်။ ဂန္ဓမာပန်းက စိတ်ပင်ပန်းတာတွေကို ဖြေဖျောက်ပေးတာမို့ အရှင်ဟာ နေ့ရက်တိုင်းအတွက် နှစ်ပွင့်တိတိ သောက်လေ့ရှိ၏။

ကြွေထည်ခရားကို လက်ကိုင်မှ ကိုင်ကာ ရေနွေးပူပူတွေကို ကြွေခွက်ငယ်ထဲ လောင်းငှဲ့သည်။ နောက် အရှင့်မျက်ဝန်းညိုညိုတွေက ဂျွန့်ကို တစ်ချက် ပင့်ကြည့်၏။

စားချင်ပါသည်ဆိုတဲ့ ဆန်မုန့် အစပ်ဟာ ဂျွန်ပါးစပ်မှာ ခံတွင်းတွေ့ပုံပေါ်သည်မို့ စားဖိုဆောင်က လူတွေကို စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

သူ့ကိုမော့ကြည့်လာသည့် မျက်လုံးဝိုင်းတွေ။ နှုတ်ခမ်းထောင့်မှာ ပေနေသည့် ဆော့တချို့ကို မြင်တော့ အရှင်ဟာ ပြုံးသည်။

' နှုတ်ခမ်းမှာ ပေနေတယ်။ '

အရှင်ကပြောလို့ လက်ဖဝါးဖြင့် သုတ်လိုက်ရင်း ဘောင်းဘီစကို သုတ်လိုက်သည့် ဂျွန့်ကို အသန့်ကြိုက်သည့် အရှင်ဟာ နှာခေါင်းမရှုံ့။ နှစ်လိုဖွယ်ပင် ပြုံးကြည့်နေတော့သည်။

နောက်ဝတ်ရုံအိတ်ကပ်ထဲက ပုဝါတစ်ခုကို ထုတ်လိုက်ပြီး

' ဒါလေးနဲ့သုံး။ အဲ့လိုမသုတ်ရဘူး။ '

' ဘာလို့လဲ '

လက်တစ်ဖက်ကို ယူလိုက်ရင်း ပုဝါလေးကို ထည့်ပေးတော့ မျက်လုံးဝိုင်းတွေနဲ့ ပြန်ကြည့်သည့် ဂျွန်ဟာ အရှင့်စိတ်ကို စိုးမိုးနေလေပြီ။ ဂျွန်က ဘယ်လိုပဲ ပြုမူနေပါစေ အရှင် ရင်မှာတော့ မြတ်နိုးမိရင်း မြတ်နိုးနေတော့တာ။

' ဘောင်းဘီကိုမသုတ်ရဘူး။ သူများတွေက မင်းကိုနှာခေါင်းရှုံ့လိမ့်မယ်။ '

အရှင်က ထိုသို့ပြောမှ ဂျွန်က ခေါင်းညိတ်သည်။ ပုဝါလေးကို ကိုင်ကာပင် ဆန်မုန့်ကို ဆက်စားနေတော့

' ဒါကဆေး‌ရည်။ နည်းနည်းတော့ ခါးလိမ့်မယ်။ မင်းသောက်နိုင်တယ်မလား။ '

အရှင်က ကြွေထည်ပန်းကန်လုံးကို ဂျွန့်ရှေ့တိုးပေးရင်း ပြောသည်။ နှာခေါင်းဖြင့် ဆေးရည်ရဲ့ ရနံ့ကို ရှူကြည့်သေးတာ။

THE NAWROYA - နော်ရိုရာအရှင်Donde viven las historias. Descúbrelo ahora