.24.

1.3K 227 71
                                    

Unicode

' ငါ့ကိုမထိနဲ့။ ! '

ရုန်းကန်ခြင်းမပြု။ နီရဲနေသည့် မျက်လုံးတွေနဲ့သာ ပြောနေခြင်းဖြစ်သည်။

' ငြိမ်ငြိမ်နေပေးပါ။ '

ရုတ်တရက်ကြီး သူ့လက်တွေကို ကြိုးဖြင့် တုပ်ချည်လာသည့် ခပ်ထွားထွား လူနှစ်ယောက်။ ရွံ့လွန်းလို့ သေတော့မယ်။ သူ့ပုခုံးကို ကိုင်ထိနေတဲ့ လက်တွေက စိတ်ပျက်စရာ။

လှောင်အိမ်လို သစ်သားတွန်းလှည်းအိမ်ထဲ တွန်းထည့်တော့ လက်မောင်းက သံစနဲ့ခြစ်မိသွားသည်။

' အ! ငါ့ကိုမထိနဲ့လို့ ပြောနေတယ် ! '

အကြည့်စူးစူးဖြင့် တပ်သားတစ်ဦးကို ပြောနေပုံဟာ သူသိခဲ့တဲ့ အရှင်မှ ဟုတ်ရဲ့လား။ သူ့ကြောင့်ပဲ အရိုင်းဆန်သွားခဲ့တာလား။

သူ့ဘက်ကိုရောက်လာသည့် မျက်ဝန်းငယ် ရိပ်လေးကိုမြင်တော့ မျက်နှာကို တစ်ဖက်လှည့်ရင်း ရှောင်ဖယ်လိုက်သည်။

' ထွက်လို့ရပြီ။ '

သခင်ဂျုံးကု၏ အသံကိုကြားတော့ တဖြေးဖြေး ထွက်ခွာသွားကြသည့် သူတွေနဲ့အတူ သစ်သားတွန်းလှည်းထဲက အရှင်ဟာလည်း ငြိမ်သွားတော့သည်။

တံခါးကို သော့ဖြင့်ခတ်လိုက်ပြီး သူ့နားက တပ်သားတစ်ဦးဟာ ထွက်သွားသည်။ ဩဇာအာဏာ ရှိပုံရသည့် လူတစ်ဦး၏အသံကိုကြားတော့ စတင်ထွက်ခွာသည်။ အလင်းရောင် စူးစူးကြားမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူပြတင်းပေါက်လေးက အမြဲမြင်နေရသည့် ဒမ်ဂါသူ ဒမ်ဂါသားတွေ။

စိတ်ပျက်စရာကောင်းလောက်အောင် သူ့ကိုထူးဆန်းတဲ့ ပုံစံနဲ့ ကြည့်နေကြတာ။ တော်ဝင်ဘုရင် တစ်ပါးကို အခုလိုကြည့်ရဲတဲ့ မျက်လုံးတွေကို တစ်နေ့ဖောက်ထုတ်ပစ်မယ်လို့ တေးထားလိုက်သည်။

' အရှင် !! အရှင် !!! '

အဝေးမှ ခေါ်သံ။ သိပ်ကို ရင်းနှီးသည့် အသံကို ကြားလိုက်ရသည်။ အထိပ်တလန့်နှင့် လှည့်ကာကြည့်လိုက်တော့ သူ့ရင်ထဲ မြတ်ခနဲ။ ထော့နဲ့နေသည့် ခြေထောက်တစ်ဖက်နဲ့ အထိန်းတော်ဂျင်က သူရှိရာကို ပြေးလာနေတာ။

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now