.29.

1.2K 204 14
                                    

Unicode

' နေအုန်း။ ဘယ်ကိုသွားမှာလဲ။ '

ဟူဟွန် ဂိတ်ပေါက်တောင် ရောက်နေပြီကို ဇမ်းဟာ မတင်မကျ စိတ်နဲ့ သူ့အင်္ကျီစကို ဆွဲနေတုန်း။

လူသတ်မှုတွေ များနေတယ်ဆိုပြီး ပြောခဲ့တာလည်း ဇမ်းပဲ။ အင်္ကျီစကို ဆွဲပြီး ပူပန်နေတာကလည်း ဇမ်းပဲ။

' ငါဆယ်ကိုရာကိုပဲ ပြောလိုက်သင့်တာ။ '

ခပ်တိုးတိုးလည်း နောင်တရစွာ ညည်းတွားသေးတာ။

အမှန်တော့ ဇမ်းက တွေနေတာ မဟုတ်ဘူး။ အကယ်၍ ဟူဟွန်ကသာ သူပုန်နယ် ဖြစ်နေမယ်ဆို သူတို့နှစ်ယောက် ပိတ်မိသွားနိုင်တယ်။ ပြည်သူတွေထဲမှာလည်း သခင့်ကို သိတဲ့သူများတယ် သူပုန်တွေက မသိဘဲနေမလား တစ်ခုခုဆို အန္တရာယ်များသည်။ ဒါကြောင့် ဇမ်းကတားနေတာ ဒါကို ပြောမရတဲ့ သခင်က ရွာထဲ အထိဝင်မယ်လုပ်နေတာ။

' ဆယ်ကိုရာဆို ပိုဆိုးမှာ ဇမ်း။ အဲ့လက်ကိုဖယ်စမ်း။ '

အင်္ကျီစပေါ်က လက်ကို မျက်မှောင်ကျုံ့ကာ ဖြုတ်ချလိုက်ရင်း ဟူဟွန် ဂိတ်ကို သွားလိုက်သည်။

အရပ်သား ဝတ်စုံနဲ့မို့ ခရီးသွားလို့သာ သိပြီး သိပ်သံသယ မဝင်ကြ။ တည်းခိုဖို့ရာ အခန်းတစ်ခုလောက် အရင်ငှားလိုက်ရင်းမှ ရွာထဲကို လိုက်ကြည့်သည်။

ကြိုးတွေဖြင့် တားထားသည့် အိမ်ကို မြင်တော့ သွားကြည့်ရင်း ကြားရသည်က အခုတစ်လော ခပ်စိတ်စိတ် လူတွေ သေလာကြတဲ့ အကြောင်း။

ဒမ်ဂါမှ ဒီလိုလူသတ်မှုမျိုးကို မတွေ့ရ။ ဇမ်းတောင် အလောင်းကို မြင်ပြီး ထိုးအန်တော့သည်။ ကြိမ်ဖန်များစွာ ထိုးထားသည့် ဓားဒဏ်ရာကြောင့် ကလီစာတွေတောင် အပြင်ကို ထိုးထွက်နေပြီ။ မျက်မှောင်ကို ကျုံ့လိုက်ရင်းမှ အကြည့်လွှဲလိုက်သည်။

' ဘယ်လိုလုပ်ကြမလဲ မိမှဖြစ်မှာ။ '

' နေပါအုန်း။ လူရောဟုတ်ရဲ့လား။ '

ဇမ်းရဲ့စကားကြောင့် ဂျွန်တစ်ချက် ကြည့်လိုက်သည်။ ဒီကောင့်ကို ဘယ်လိုလုပ်ရပါ့။

' ကျားထင်လို့လား။ ရွာထဲကို ကျားဝင်ဆွဲတယ်ထင်လို့လား။ '

မဟုတ်တာ တွေးနေသည့် ဇမ်းက သူနည်းနည်းလောက် ငေါက်လိုက်မှ ငြိမ်သွားတော့သည်။ ပတ်ဝန်းကျင်က ပုံမှန်မို့ ပိုပြီး သတိကြီးရပေမယ့် တိတ်ဆိတ်လွန်းသည်။

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now