Unicode
Young Note :
ဖတ်စေချင်လို့ အပေါ်ဆုံးမှာ ရေးလိုက်တာပါ။ ဒီမှာ ပါတဲ့ အမည်တွေ မြို့တွေ ဒေသတွေက အကုန်လုံးက စိတ်ကူးတစ်ခုပါပဲ။
(အကယ်၍များ နော်ရိုရာထဲက နာမည်တစ်ခုခုက အပြင်က လူတစ်ဦးတစ်ယောက်ရဲ့ အမည်နာမ ၊ နေရာဒေသ တို့ ဖြစ်နေခဲ့ရင် ဒီကနေပဲ ကြိုပြီး တောင်းပန်အပ်ပါတယ်။)
ဘယ်နေရာဒေသကိုမှ အခြေခံ မထားတာမို့ မရောစေချင်ပါဘူး။ လက်ရှိဖြစ်နေတဲ့ နိုင်ငံအပေါ်ကို အခြေခံရေးထားတာလည်း မဟုတ်တာမို့ မနှိုင်းစေချင်တာပါ။
နော်ရိုရာရဲ့ အဓိက ဇာတ်က အချစ်နဲ့အလွမ်းပါ။ ဒီဇာတ်ကို ရေးတဲ့အခါ ဘယ်စာကြောင်းကို ရေးရေး လက်တွေ့ကျဖို့ တရားမျှတဖို့ထပ် အချစ်ကိုပဲ ဦးစားပေးပါတယ်။
အဲ့လိုပြောလို့ အဆိုးဆုံး အရာတွေပဲ ဖြစ်လာပြီး မတရားမှုတွေကိုပဲ ရွေးချယ်ပြီး ရေးတော့မှာလားလို့တော့ မမေးပါနဲ့နော်။ သူ့ဟာနဲ့သူ အဆင်ပြေရေးထားပါတယ်ရှင်။
စိတ်မပူပါနဲ့လို့တော့ မပြောတော့ပါဘူး ဒါကြောင့် အတူတူပဲ ဆက်ပြီးလျှောက်သွားရအောင်ပါ။ တစ်ချိန်ကြရင်တော့ အဆုံးကိုပဲ ရောက်မှာမို့ အေးအေးဆေးဆေးပဲ သွားရအောင်ပါရှင်။
ကျွန်မက ရှင်တို့အရမ်းပင်ပန်းမှာကို စိုးတယ်လေ။ ကောင်းသောညပါ။
*******
' မောင့်ကို မကောင်းတဲ့လူဖြစ်အောင်လုပ်နေတာပဲ.. '
ဝေ့ဝဲနေသည့် မျက်ရည်တွေကို မောင်ဟာ ခမ်းခြောက်အောင် မျက်တောင်ဖြင့် ပုတ်ခတ်သည်။ သို့သော် မောင့်စကားကို နားမထောင်လေတဲ့ မျက်ရည်တွေဟာ ပါးပြင်ပေါ်ကို ခုန်ဆင်းလေတော့ ခေါင်းကို ငုံ့ချပစ်သည်။
အဲ့လို ငုံ့ချလိုက်ရင် မမြင်ရတော့ဘူးတဲ့လား..
ပါးပြင်ပေါ်က မျက်ရည်စက်တွေကို အင်္ကျီစလေးနဲ့ ဆွဲယူရင်း ဖွဖွလေး သုတ်ပေးမိသည်။
' မောင်က ငိုရင်ချစ်ဖို့ကောင်းတာကိုသိလား။ '
ရုတ်တရက် စကားပေမို့ထင် ဝိုင်းစက်သွားသည့် မျက်လုံးတွေကို သိပ်သဘောကျရသည်။
VOCÊ ESTÁ LENDO
THE NAWROYA - နော်ရိုရာအရှင်
RomanceJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]
