.23.

1.5K 242 21
                                        

Unicode

ဒမ်ဂါဆိုသည့် ဂိတ်တံခါးကို ကျော်ဖြတ်ပြီး အဆောင်ကို ပြန်လာခဲ့တော့ သူ့နားကို ချဉ်းကပ်လာသည့် ခြေသံ။ ‌အသေချာကြားနေရသည့် အသက်ရှူသံ ပြင်းပြင်း။ ပုံမှန် ခြေသံမဟုတ်တာကြောင့် ချက်ချင်း ရှောင်တိမ်းကာပင် ထိုလူ၏လက်ကို လိမ်ချိုးရင်း နံရံမှာ ကပ်လိုက်သည်။

ရုန်းကန်နေသည့် ထိုလူမျက်နှာကို ကြည့်လိုက်တော့ အထိန်းတော်ဂျင်။ သက်ပြင်းချကာပင် ကျောက်သားပေါ် ငြိမ်သက်နေသည့် ဓားမြှောင်တစ်ခုကို ကြည့်လိုက်ရသည်။
အားမရှိတဲ့ပုံစံနဲ့ ထိုလူက
ဒီဓားမြှောင်လေးနဲ့ သူ့ကို တိုက်ခိုက်ဖို့တဲ့လား။

အားကိုလျော့ကာပင် လွှတ်ပေးလိုက်ရင်း ကြမ်းပြင်က ဓားကိုကောက်လိုက်သည်။

' မတွေ့တာတောင်ကြာပြီပဲ။ '

ပါးလျကာ ပြောင်လက်နေသည့် ဓားနှုတ်ခမ်းဖျားကို လက်ဖြင့် ထိတွေ့ရင်း အပြုံးတွေနဲ့ ပြောနေသူ။

သူ့မျက်လုံးတွေက မုန်းစရာအတိ။ မထိတထိ ပြုံးနေရယ်နေပုံကို မြင်တော့ ရူးလောက်အောင် ချစ်ကြည့်ချင်ပါတယ်ဆိုတဲ့ အရှင့်မျက်နှာကို မြင်ယောင်လာတယ်။ လူစိတ်မရှိတဲ့ အကောင်။

ထိုလူဟာ တောက်တစ်ချက်ကို ခေါက်သည်။ မျက်မှောင်ကို အသားကုန် ကျုံ့ထားကာ မျက်လုံးနှစ်ဖက်မှ မျက်သားတွေ ရဲတက်လာသည်အထိ ကြည့်နေသည်။ ရင်နာတိုင်း ပြုံးတတ်လာသည်လား မသိပေမယ့် တစ်ခုခုဆို လူအမြင်ကတ်အောင် ပြုံးတတ်လာတယ်။

မျက်လုံးတွေက အထိန်းတော်ဂျင်ရဲ့ ဝတ်ရုံကို ကြည့်မိတော့ ညစ်နွမ်းနေသည်။ ခါးစည်းကြိုးရောင်ကိုကြည့်လိုက်တော့ အစိမ်းရင့်။

' အာ.. စားဖိုဆောင်မှာ တာဝန်ကျတာထင်တယ်။ အန္တရာယ်များတဲ့ အလုပ်ကိုကွာ.. ဆယ်ကိုရာကတော့ အဆိပ်မိနေမှဖြင့်။ '

' ငါကမင်းလိုမယုတ်မာဘူးကွ ! '

ဟိန်းထွက်လာသည့် အသံဩဩ။ ခေါင်းကိုတစ်ဆက်ဆက် ညိတ်လိုက်ရင်း ရယ်လိုက်သည်။

' ဒါပေါ့။ နော်ရိုရာက ဘယ်လောက်ဖြူစင်လိုက်လဲ.. '

ဟုတ်သည်။ နော်ရိုရာက သိပ်ဖြူစင်သည်။ အရှင်က ဖြူစင်လို့ တိုင်းသူပြည်သားတွေကလည်း ဖြူစင်တာဖြစ်မည်လို့ ဂျုံးကုတွေးလိုက်မိသည်။ ပုန်ကန်တာမျိုး မရှိ။ ဝမ်းနည်းပူဆွေးစွာပင် တိတ်ဆိတ်နေကြသည်။ သူ့ဘက်က ကောင်းမွန်တဲ့ နည်းလမ်းတွေကိုသာ သုံးပြီး လက်ခံနိုင်လာအောင် လုပ်ယူခဲ့သည်။

THE NAWROYA - နော်ရိုရာအရှင်Nơi câu chuyện tồn tại. Hãy khám phá bây giờ