.19.

1.3K 213 19
                                    

Unicode

' သခင်မ အဆင်ပြေရဲ့လား။ '

တစ်ညလုံး နီးပါးလောက် အလှည့်ကျ လှော်ခတ်ပြီး ဒမ်ဂါ နယ်စပ်ကို ရောက်လာတော့ အသံဗုံး အချက်ပေးကာပင် လှေပေါ် လဲကျသွားသည့် ဆယ်ကိုရာ။

တစ်ချိန်လုံး အဆင်ပြေနေပြီးမှ လဲကျသွားသည်မို့ ဇမ်းမှာ အထိတ်အလန့်နှင့်ပင်။ ခေါ်သံကိုတော့ ပြန်ထူးတာမို့ တော်သေးသည်။

ပင်လယ်လေကြောင့် အေးနေသည့် ဆယ်ကိုရာ့ကို အပေါ်ဝတ်ရုံ ခြုံပေးလိုက်ရင်း ကပ်လာမည့် သင်္ဘောကိုသာ စောင့်နေလိုက်သည်။ တခြားရွေးချယ်စရာမရှိ။ ဇမ်းကိုယ်တိုင်လည်း ဆက်ပြီး မလှောင်ခတ်နိုင်တော့။

သိပ်မကြာ မီးအလင်းရောင် တချို့ကို မြင်လိုက်ရတာမို့ ဇမ်း စိတ်သက်သာလာရသည်။ သင်္ဘောရောက်လာတော့ သခင်မကို ပွေ့တင်ကာပင် ဒမ်ဂါကို အမြန်ပြန်ရတော့သည်။

ဒီပုံစံနဲ့ လေးကို အကြာကြီး ဆွဲထားခဲ့တာ။ သခင့်ကို ဘယ်လိုနှလုံးသားနဲ့များ ပစ်လိုက်သည်လဲ စဉ်းစားလို့ မရတော့။ ပြီးတော့လည်း အဆိပ်လူးမြှားနဲ့...

....

' အရှင်။ လူနာသတိရလာပါပြီ။ '

ညစာစားနေတုန်း အပြုံးနဲ့အတူ ဝမ်းသာစွာ အနားရောက်လာသည့် သမားတော် စကားကြောင့် အမြန်ပင် ကုန်းရုန်းထလိုက်ရင်း သူ့ဆီသွားမိသည်။

မပြေးရုံတမယ် လျှောက်လှမ်းနေသည့် အရှင့်ဟာ လက်နှစ်ဖက်ကို အချင်းချင်း ယှက်ကိုင်ကာဖြင့် စိတ်လှုပ်ရှားနေလေရဲ့။

တွန်းတံခါးလေးကို အသာလေး တွန်းဖွင့်လိုက်တော့ သူ့ကိုကျောပေးထားသည့် ဂျွန်။ ကြည့်ရတာ သက်သာပုံဖြင့် ဂျွန်က ထူထူထောင်ထောင်တောင် ဖြစ်နေသည်။

တစ်ယောက်ထဲ မမှီတမှီနဲ့ ဒဏ်ရာကို စီးထားသည့် ပိတ်စတွေကိုလည်း ဆွဲဖြည်နေသေးသည်။

ဒီငတုံးကတော့

' ဒီမှာ! '

ခေါ်လိုက်တော့ လှည့်ကြည့်လာသည့် မျက်လုံးဝိုင်းတွေ။

မျက်မှောင်ကို ကျုံ့လိုက်ရင်း အရှင်ဟာ ဂျွန့်နားက ကြမ်းပြင်မှာ ဝင်ထိုင်သည်။

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now