.10.

1.5K 252 8
                                    

Unicode

ကြမ်းပြင်ပေါ် ကျလာသည့် ကျောက်စလစ်ခဲ တစ်ခဲ။ ဖြတ်ခနဲ ကြည့်လိုက်တော့ လှုပ်ရှားသွားသည့် ပြတင်းပေါက်မှ လိုက်ကာစ။

အရှင့်ပါးပြင်ကို တစ်ချက်နမ်းလိုက်ရင်း ခေါင်းလေးကို မကာ လက်ကိုလျိုထွက်လိုက်သည်။

ခြေသံကို အသာဖွရင်း တံခါးကို တွန်းပိတ်ရင်း အပြင်ကို ထွက်လာခဲ့တော့ အဆောင်ဘေးက ပန်းရုံတွေကြား ကုတ်ကုတ်လေး ထိုင်နေသည့် ဇမ်း။

ဇမ်းဟာ သူ့ကိုမြင်တော့ အနားကို ရောက်လာကာ  အရိုအသေ ပေးသည်။ နောက်အကွယ် တစ်နေရာကို ခေါ်သွားသည်။

' ဒီကိုဘာလာလုပ်တာလဲ ဇမ်း။ '

ထိုအခါမှ စည်းထားသည့် နှာခေါင်းစီးအနက်ကို မေးစေ့အောက် ချသည်။ မောနေသည့်ဟန်ဖြင့် ဇမ်းဟာ ပတ်ဝန်းကျင်ကို ဟိုကြည့်သည်ကြည့်ဖြင့် ပြောလာသည်။

' သတိလာပေးတာပါ။ ဆယ်ကိုရာ နယ်စပ်ကို ရောက်နေပြီ။ နောက်သုံးရက်လောက်ဆို နော်ရိုရာကို ရောက်လာတော့မှာပါ။ '

' ဂျုံးကု။ ကျနော်ပြောတာကြားရဲ့လား။ ဒီမှာပန်း။ '

ငြိမ်နေသည့် ဂျွန့်ပုခုံးကို ခပ်တင်းတင်း ကိုင်ရင်း ပြောတော့ ခေါင်းကိုသာ တစ်ချက် ညိတ်သည်။

' ပန်းကိုတော့ ငါမယူချင်သေးဘူး။ '

ဇမ်းက ငြိမ်နေရင်းမှ နှင်းဆီကို လက်ထဲသေချာထည့်ပေးသည်။

' ယူမှဖြစ်ပါမယ်။ '

' ဒီတိုင်းယူသွားလို့မိရင် ဘယ်လိုလုပ်မလဲ ဒီနေ့မဖြစ်သေးဘူး။ '

အကြောင်းပြချက် တစ်ခုပေးကာဖြင့် ပြောမှ ဇမ်းဟာ ခေါင်းတစ်ချက် ညိတ်ပြီး ပြန်သွားသည်။

အုတ်နံရံပေါ် ပြေးတက်ရင်း ခုန်ကျော်သွားသည့် ဇမ်းကို ကြည့်ရင်း တစ်ချက် ပြုံးလိုက်သည်။

ဆယ်ကိုရာ နယ်စပ်ကို ရောက်လာပြီတဲ့လား..။

ကောင်းကင်ကို မော့ကြည့်မိတော့ သာနေသည့် လကြောင့် ပတ်ဝန်းကျင်ဟာ လင်းထိန်နေသည်။‌

အေးစိမ့်စိမ့်မို့ အိပ်ဆောင်ကို ပြန်လာခဲ့သည်။ ပထမဆုံးသော တံခါးချပ်ကို ဖွင့်လိုက်တော့ တိတ်ဆိတ်နေသည့် အခြေအနေ။

THE NAWROYA - နော်ရိုရာအရှင်Donde viven las historias. Descúbrelo ahora