.26.

1.4K 218 36
                                    

Unicode

သစ်သားခုံပေါ်မှ ထလိုက်ရင်း စားပွဲပေါ်က အရှင့် လက်ကို ဆွဲယူလိုက်သည်။ ချက်ချင်း ရှိုထွက်သွားသည့် လက်လေးဟာ တစ်ချိန်က သူ့လက်ကိုသာ ဆွဲကိုင်နေခဲ့တာ။

ပျက်သွားသည့် မျက်နှာကို ပြန်တည်ကာပင် ထိုလက်ကို ခပ်တင်းတင်း ဆွဲကိုင်လိုက်သည်။ မော့ကြည့်လာသည့် မျက်လုံးတွေက လှနေတုန်းပါပဲ။

သိပ်ကို ရင်နာစရာကောင်းသည့် မြင်ကွင်းကို ကြည့်နေရင်းမှ ဆယ်ကိုရာ ပြုံးလိုက်သည်။ ရင်နာတော့ရော သခင် ဒီလိုမလုပ်သင့်ပါဘူးလို့ သူမက တားနိုင်လို့လား။ နဂိုထဲက လက်လွှတ်ထားခဲ့တာပဲကို။

အခန်းပြင်ရောက်တော့ မသိမသာ ရုန်းနေသည့် လက်လေး။ တင်းကြပ်ကြပ် ကိုင်လိုက်တော့ ထပ်မံ စိုက်ကြည့်လာသည်။

' ငါ့ကိုလွှတ်။ '

' ဒါဆိုခုနထဲက ရအောင်ရုန်းပါလား။ '

' ငါဆိုတာ မင်းလက်ထဲက မရုန်းနိုင်တဲ့သူမဟုတ်ဘူး။ ခုနက မရုန်းချင်လို့။ '

အရှင်ပြောတာ မှန်သည်။ ရုန်းလိုက်တော့လည်း သူ့လက်ထဲက လွှတ်မြောက်သွားတာပဲ။ မရှိတော့ဘူးပဲ။ ကြိုးလေးမရှိတော့ဘူးဘဲ။

လက်လေးကို နူးညံ့စွာ ပြန်ဆွဲယူလိုက်တော့ သူ့ကိုပုတ်ထုတ်လိုက်၏။ ဟက်ခနဲ ရယ်လိုက်မိရင်းမှ တစ်ကိုက်ကိုက် လုပ်လုပ်နေသည့် နှုတ်ခမ်းဆီ တိုးသွားလိုက်သည်။

ချုပ်ကာ နမ်းမိသည်မှာ ရုန်းရင်းဆန်ခတ်ပင်။ အရှင့် နှုတ်ခမ်းကိုလည်း ကိုက်လိုက်မိ၏။ ရည်ရွယ်ခြင်းတော့ မရှိပါလေ။ မတော်တဆ တစ်ခုသာ။

သို့သော်ငြား အရှင်ဟာတော့ သူ့ကို စိတ်တိုနေလေပြီ။

လွှတ်ပေးလိုက်တော့ မျက်ဝန်းတွေမှာ ဝေ့ဝဲနေသည့် မျက်ရည်စတွေ။

ထို့နောက် အရှင်ဟာ အင်္ကျီစဖြင့် သူနမ်းခဲ့သည့် နှုတ်ခမ်းကို ပွတ်တိုက်နေသည်။ အားပါပါ ပွတ်တိုက်နေသည်ကြောင့် နာကျင်နေလောက်ရောပေါ့။ လက်ကောက်ဝတ်လေးကို ဆွဲထိန်းတော့။

' မထိနဲ့။ စိတ်ပျက်ဖို့ကောင်းတယ်။ '

နှုတ်ခမ်းတွေက တုန်ရီနေသည်။ ဆက်ပြီး ပွတ်တိုက်နေသည်။ သွေးတွေထွက်လာလေတော့ ပုခုံးနှစ်ဖက်ကို ဆွဲကိုင်လိုက်မိသည်။

THE NAWROYA - နော်ရိုရာအရှင်Donde viven las historias. Descúbrelo ahora