.08.

1.6K 257 32
                                    

Unicode

သူ့ပုခုံးပေါ်မှာတင် အိပ်ပျော်နေသည့် အရှင်။ သစ်သား တံခါးလေးကို တွန်းလို့ ဖွင့်လိုက်ရင်း သက်ပြင်း တစ်ချက် ချလိုက်သည့် ဂျွန်။

မိုးကလည်း အရွာကျဲလာပြီမို့ မိုးမချုပ်ခင် နန်းတော်ကို ပြန်ဖို့လိုသည်။

အမှန်တော့ ဒါဟာ သူ့အလုပ် မဟုတ်‌။ အခုနေ အိတ်ကပ်ထဲက နှင်းဆီဆိပ်ကို ရှူခိုင်းလိုက်ရင် သူ့ကိစ္စပျက်ပြီပဲ။ ဒါကို သူက နန်းတော်ပြန်ဖို့ရာ စိတ်ပူနေလေရဲ့။

နည်းနည်းတော့ ရယ်ရသား။ အရှင်က ထူးခြားလွန်းသည်။

နှစ်ခြိုက်စွာပင် အိပ်ပျော်နေသည့် အရှင့် မျက်နှာလေးကို မကြည့်ဖြစ်။ အိတ်ကပ်ထဲက နှင်းဆီပွင့်ကို ထုတ်ယူလိုက်ရင်းသာ ငေးကြည့်နေမိသည်။

" ဒီတစ်ပွင့်လည်း ညိုးသွားပြန်ပြီ "

ခပ်တိုးတိုး ရေရွတ်လိုက်ရင်းနောက် လက်ထဲက ပန်းတစ်ပွင့်ကို ကျိုးပဲ့နေသည့် ကြမ်းခင်းမှ တဆင့် မြေကြီးပေါ်ကို ပစ်ချလိုက်သည်။

ပုခုံးပေါ်မှ မျက်နှာလေးကို တစ်ချက် ပြန်ငေးမိတော့ နှစ်ခြိုက်စွာ အိပ်နေသည့် အရှင့်ကို နှိုးချင်လာသည်။

သူ့လက်တွေက အရှင့် ပါးပြင်လေးကို ပွတ်ဆွဲရင်း နှောက်ယှက်မိတော့ ပွင့်လာသည့် မျက်လုံးလေး နှစ်ဖက်။

' မိုးတိတ်သွားပြီ။ '

အနည်းငယ် ဝေ့ဝဲသွားသည့် အရှင့် မျက်ဝန်း‌တွေ။ နှုတ်ခမ်းတွေက ဖျော့ဖျော့လေး ပြုံးပြသည်။ သူ့ကိုလည်း ပွေ့ဖက်လာသည်။

ဘာလို့များ မျက်ရည်ကျသည်အထိ ပြုံးရယ်နေသနည်း။

တွေးတောလိုက်ရင်း အသာလေး ပြန်လည် ပွေ့ဖက်ထားလိုက်သည်။

' ပြန်မယ်။ '

စိမ်းစိုနေသည့် မြက်ခင်းလေးတွေပေါ် ‌ဖြတ်လျှောက်‌နေသည့် ဂျွန့်လက်တွေဟာ အရှင့် လက်ကို သေချာလေး ကိုင်လို့ထားသည်။

THE NAWROYA - နော်ရိုရာအရှင်حيث تعيش القصص. اكتشف الآن