Unicode
လေးပင်နေတဲ့ ခေါင်းကို တစ်ချက်ညိတ်ပြတော့ နမ်ဟာ အားပေးသည့်ဟန်ဖြင့် ပါးချိုင့်နက်နက်တွေ ပေါ်သည်အထိ ပြုံးပြသည်။
အရှင်က ဘယ်လောက်အချစ်ကြီးမှန်း ဒါရုန်းနဲ့ နမ်ဟာ အသိဆုံးဖြစ်သည်။
လှေရဲ့ဝမ်းဗိုက်ခန်းထဲက တက်လာခဲ့တော့ မင်းကြီးက စောင့်နေသည်။ နွေးထွေးတဲ့ အပြုံးကို မြင်တော့ တစ်ကိုယ်လုံး ပြိုလဲချင်လာသည်။
ခြေထောက်တွေက ရုတ်တရက် ယိုင်နဲ့သွားတော့ လှမ်းဖက်လာသည့် လက်တစ်စုံဟာ သူနဲ့တော့ မတူ။
သူသာဆိုရင် ဟျောင်းဆိုပြီး ခပ်တိုးတိုး ရွတ်သံလေး ကျန်ခဲ့မှာ။
ထွက်မပြေးမိခင်..
' မြန်မြန်သွားရအောင် မင်းကြီး။ ကျနော်ဒီမှာမနေချင်တော့ဘူး။ '
လှေငယ် တစ်စင်းဆီကို လှမ်းကူးရင်း ကြိုးကို လွှတ်လိုက်တော့ အနောက်ကို လှည့်ကြည့်မိသည်။ တဖြေးဖြေး သင်္ဘောနဲ့ ဝေးဝေးလာသည့် သူတို့လှေလေး။
လှိုင်းက မကြမ်းလည်း မူးတယ် မောင်။ အမြင်တွေကလည်း မကြည်တော့ဘဲ ဝေဝါးနေပြီ။ သစ်သား လည်ဆွဲလေးကလည်း အိမ်မှာ ကျန်ခဲ့တယ်။ ဒါရုန်းက သိမ်းထားပေးပါ့မလား။ ငါက အသေချာ ယူခဲ့ရမှာကို။
မောင်သာတွေ့ရင် စွန့်ပစ်ခဲ့တယ်လို့ မြင်လေမလား..
အမြဲတမ်း မောင့်ကိုကမ်းခဲ့တဲ့ ဒီလက်လေး... မနက်ကပဲ သူပြောခဲ့တဲ့ စကား။
ထူးထူးခြားခြား သူက ဆွဲထားချင်ပုံ ပေါ်နေခဲ့တာ။ ဘာကိုမှ မသိလည်း ဆွဲထားပုံပေါ်နေခဲ့တာ။
ဒါက အကောင်းဆုံးဖြစ်မှာပါ မောင်.. လူတွေအားလုံးက ငါတို့ကို မဖြစ်နိုင်ဘူးလို့ အော်ဟစ်နေသလိုပဲ..
"ဒီရေတံခွန်မှာ ငါတိုင်တည်ခဲ့တယ်။ အဲ့အတွက် ကျိန်စာတစ်ခု ရှိတယ်။ သစ္စာစကားကို မတည်တဲ့အခါ ဒီရေတံခွန်စောင့်နတ်က ငါ့အသက်ကို ယူသွားလိမ့်မယ်။"
ရှင်ကွဲကပဲ ပိုကောင်းတယ်မလား မောင်။ အနည်းဆုံးတော့ တမ်းတနိုင်နေသေးတယ်လေ။
![](https://img.wattpad.com/cover/285399583-288-k405901.jpg)
KAMU SEDANG MEMBACA
THE NAWROYA - နော်ရိုရာအရှင်
RomansaJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]