.35.

1.2K 187 19
                                    

Unicode

ယင်း နားဆောင်မှာ အိပ်နေရင်း အကြမ်းဖက်သည့် လူတစ်စုကို သံသယ ဖြစ်လာသည်။ ရိုးရိုးတန်းတန်း ဓားပြတွေရော ဟုတ်ရဲ့လား။

တွေးစရာတွေက ခေါင်းထဲ စုပြုံလာလေတော့ ဆက်အိပ်လို့မရတော့။ မရတာကို ဆက်အိပ်မနေတော့ဘဲ ရေနံဆီ မီးအိမ်ကို ကိုင်ရင်း အဆောင်ထဲမှ ထွက်လာခဲ့သည်။ သခင့်အဆောင်ရှေ့ရောက်တော့ ခဏလောက် တွေဝေနေပြီးမှ တံခါးကို ခေါက်လိုက်သည်။

ဒမ်ဂါမှာက တော်ဝင်မျိုးနွယ်တွေလို စည်းမျဉ်းစည်းအကမ်းတွေ မရှိ။ အခြွေအရံ တစ်သောင်းမျိုးနဲ့ နေကြသည့် ပုံစံ မဟုတ်သည်မို့ သခင့်အဆောင်ရှေ့မှာလည်း အထူးတလည် ချမှတ်ထားသည့် အစေခံမျိုး မရှိလှ။

ခေါက်လိုက်သော်လည်း အသံပြန်မလာတာကြောင့် အိပ်နေသည်အထင်နဲ့ လှည့်ပြန်မယ်လုပ်တော့ အထဲက အသံ။ ခပ်တိုးတိုး အသံပေမို့ တံခါးကို တွန်းလိုက်တော့ လော့မချထား။

ဝင်သွားလိုက်တော့ ကြမ်းပြင်မှာ ဒူးထောက်နေသည့် ထိုလူ။

' ခင်ဗျားက ဒီမှာဘာလုပ်နေတာလဲ။ '

ဒူးထောက်နေသည့် ဇမ်းနားကို လျှောက်လာသည့် ကောင်လေး။ ကြည့်လိုက်တော့မှ တောထဲက အရိုင်းအစိုင်းကောင် ဖြစ်နေသည်။ သို့သော် အားနာစိတ်ကြောင့် ထိုကောင်လေးဘက် မျက်နှာမူကာ ဦးညွှတ်လိုက်သည်။

ထိုလူက အခုသူ့ကို တောင်းပန်နေတာတဲ့လား။

မယုံနိုင်သည့် အဖြစ်အပျက်ကို ယင်းဟာ ကြောင်တောင်တောင်ဖြင့်သာ ရပ်ကြည့်နေမိသည်။

' တောင်းပန်ပါတယ်။ မင်းအမေအတွက်ရောပေါ့။ '

တစ်ချက််ရယ်သံဟာ တိုးတိုးလေးရယ်။

' တောင်းပန်ဖော်တော့ရသားပဲ။ '

မော့ကြည့်တော့ မျက်ရည်တွေ ဝဲနေသည်။

' ထားပါ။ ခင်ဗျားထတော့။ '

' ထလို့မရဘူး။ သခင်ပြန်လာမှထမယ်။ '

' ပြောရခက်တာပဲ။ '

' ငါတာဝန်မကျေခဲ့ဘူး။ '

အကြောင်းအရာ တစ်ခုအပေါ်ကိုသာ နှစ်ဆင့်ထပ်ပြောလာသည်မို့ လည်လာသည့် မျက်ရည်တွေကို ပုတ်ခတ်လိုက်ရင်း ထွက်လာခဲ့မိသည်။

THE NAWROYA - နော်ရိုရာအရှင်Nơi câu chuyện tồn tại. Hãy khám phá bây giờ