.46.

1.1K 172 18
                                    

Unicode

ခွမ်း !!!

အရှိန်ပြင်းစွာ ချော်ကျသွားသည့် ပုလင်းငယ်က ကြမ်းပြင်ပေါ်မှာ အစိတ်စိတ် အမွှာမွှာ။

လက်မောင်းကို ဖိတ်စင်လာသည့် စပ်ဖျင်းဖျင်း ခံစားချက်က ထိုအရည်တွေကြောင့် ဖြစ်မည်။

' မမ!! ရရဲ့လား '

တထောင်းထောင်းထနေသည့် အပူငွေ့တွေကို ဂရုမစိုက်စွာ.. ဝင်တားလာသည့် ဗြောလေး စကားကို ဂရုမစိုက်စွာပင် ကွဲကျနေသည့် ဖန်ကွဲစတွေကို ကောက်ကိုင်နေသူ။

' အသားတွေလောင်ကုန်မယ်လို့ !! '

လောင်နှင့်နေပြီဖြစ်သည်။ သို့သော် ခေါင်းကို ခါနေတုန်း ဗြောလေးသာ မဆွဲထားရင် သူမ လက်က အသားတွေ အကုန်လောင်ကုန်တော့မှာ။

ဒါက နောက်ဆုံးကျန်တဲ့ ပွင့်ဖတ်ပေါင်းခံရည်။ ဒါကို.. ဒါကို သူခွဲလိုက်မိပြီ။ သူ့လက်ထဲက ချော်ကျသွားခဲ့တာ။ သခင့်အတွက် ဖြေဆေး ရခါနီးမှ..

' ဖယ်!! မခမ်းခင် ရသလောက်
ယူရမယ် အားး !! '

ထိလိုက်တာနဲ့ ပူလောင်သွားရသည့် ခံစားချက်နှင့်အတူ လောင်ကုန်သည့် သူမ လက်ချောင်းများ။

အရည်လန်ပြီး နီရဲသွားသည့် လက်ချောင်းတွေကို မြင်တော့ သခင်မဆိုတဲ့ အရာကို ဖယ်ပြီး အားနဲ့ ဆွဲထားလိုက်မိသည်။

' မမ။ အဲ့လိုမလုပ်ပါနဲ့.. မလုပ်ပါနဲ့.. '

ငြိမ်သက်သွားသည့် ဆယ်ကိုရာက စိတ်နဲ့ကိုယ်နဲ့ မကပ်။

' လာပါ မမ.. ဆေးထည့်ရအောင်နော်.. '

ချော့ခေါ်တော့ အလိုက်သင့် လိုက်လာသော်လည်း အာရုံတွေကတော့ ပြန်လွှင့်နေပုံ။

ရေအေးဖြင့် အသာဆေးကြောပေးပြီးသည်အထိ ဆယ်ကိုရာ့ မျက်နှာက မှိန်သေသေ။

' ထပ်ရှာရင်ဖြစ်တာပဲ '

ခပ်တိုးတိုး ရေရွတ်မိသည်က သူမစိတ်ကို သူမ သက်သာအောင် လုပ်ဆောင်နေတာ ဖြစ်သည်။ တကယ်တော့ ထပ်ရှာဖို့က မဖြစ်နိုင်။ ပန်းအနွယ်ဝင်ကိုလည်း မသိတော့သလို ရှာနေဆဲ အချိန်မှာပဲ လက်ကျန် တစ်ပုလင်းကို ရှာတွေ့ခဲ့တာ။ ဒါတောင် ဗြောလေး ရှာပေးခဲ့လို့။

THE NAWROYA - နော်ရိုရာအရှင်Onde histórias criam vida. Descubra agora