Unicode
မြင်းပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေရင်း ဂျွန့်ကိုသာ ကြည့်နေသည့် အရှင်။
ဂျွန်ဟာ အရှင့် မြင်းပေါ် တင်ပေးလိုက်ရင်း သူကတော့ မြင်းဇက်ကြိုးကိုသာ ဆွဲကိုင်ရင်း လမ်းလျှောက်သည်။
' မင်းကမတက်ဘူးလား။ '
' သိပ်မှမဝေးတော့တာ။ '
ဂျွန်ပြောတာလည်း မှန်သည်။ သိပ်မဝေးသည်မို့ လမ်းလျှောက်သွားလည်း အဆင်ပြေသည်။
' ဂျွန်- '
' အရှင် ! သတိထားပါ '
ပင်ပန်းနေသည့် အရှင်ဟာ မြင်းပေါ်မှောက်အိပ်ကာဖြင့် ဂျွန့်ကိုခေါ်လေတော့ စိုးရိမ်လွန်သူ ဂျွန်ဟာ ပြုတ်ကျမည် ထင်သွားပုံဖြင့် လက်လေးကို လှမ်းကိုင်ရှာသည်။ နောက်မှ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ကြည့်ရင်း သက်ပြင်းချလေသူ။
' အဲ့လိုမှောက်အိပ်ရလား '
မျက်မှောင်ကို ကျုံ့ရင်း အရှင့်ကို ဆူနေသူ။
မှောက်အိပ်လိုက်တာကပင် သူ့အပြစ်တစ်ခုလို ဆူပူသည့် ဂျွန်။ တစ်ချက်တော့ ပြုံးမိသား ဒီလိုပုံစံကို မြင်ရသည်မှာ ပထမဆုံး မဟုတ်လား။
' ပင်ပန်းနေပြီကို နောက်ပြီးသူ့ကိုယ်လေးက နွေးတယ်။ နော့် တန်။ '
တန်အမည်ရှိ မြင်းကိုပင် အရှင်ဟာ ပိုလို့ဖက်ရင်း အိပ်လို့နေသည်။
ပြောမရတာကို သိတာကြောင့် ဂျွန်ဟာ မြင်းကိုယ်ထည်နားလေးကို တိုးကပ်သွားရင်း အရှင့်လက်လေးကို ဆွဲကိုင်ထားသည်။
တကယ်လည်း မျက်လုံးတွေကို မှိတ်ကာ အိပ်နေသည့် အရှင့်ဟာ သူ့ကိုစိတ်ချပုံ။ သူသာ အခုချိန် ကိုင်ထားသည့် လက်လေးကို လွှတ်လိုက်ရင် အရှင်က ပြုတ်ကျလာမှာ။
တွေးမိတော့ ထိုလက်လေးကို အစမ်း လွှတ်ကြည့်ချင်သည်။ အရှင်က သူ့ကို ဘယ်လောက်များ ယုံကြည်သည်လဲ သိချင်သည်။
သူ ရူးကြည့်ချင်သည်။
အတွေးထက် အရင် လက်တွေက အလိုလို လွှတ်လိုက်မိတော့ ယိုင်ကျလာသည့် ကိုယ်လေး။ ပွင့်ဖတ်လေးလို ပြုတ်ကျလာသည့် ကိုယ်ပိုင်ရှင်ဟာ ယခုတိုင် မျက်လွှာတွေကို မဖွင့်သေး။
BẠN ĐANG ĐỌC
THE NAWROYA - နော်ရိုရာအရှင်
Lãng mạnJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]
