Part6

1.2K 99 5
                                    

Unicode

ခုချိန် ဝမ်ရီပေါ်အလုပ်ချင်ဆုံးကိုပြောပါဆိုရင်
အိမ်မှာရှိသမျှTVတွေ အကုန်ရိုက်ခွဲချင်တာပါပဲ...

ဘာလို့လဲဆိုတော့ ဟိုလူက TVကလာသမျှ အကုန်လိုက်လုပ်နေလို့လေ...
ဖုန်းလဲပေးမသုံးတာမို့ ကြည့်ပါစေလေဆိုပြီး ထားမိတာ
တကယ့်ပြသနာပဲ...

TVက တွေ့သမျှ အကုန်စားချင်တယ် မတည့်လို့မကျွေးရင် ဂျီကျမယ်...
အပင်စိုက်တာတွေ့ ရင်..အပင်တွေလိုက်ကလိတယ်...
ဇာတ်လမ်းတွဲတွေ့ကြည့်ပြီး လိုက်အရူးထတယ်...

ခုလဲသိုင်းကားတွေကြည့်ပြီး ဆံပင်ရှည်ထားချင်တယ်ဖြစ်နေပြန်ရော....
မြက်ပင်လို ဒီနေ့ရေလောင်း နောက်နေ့ရှည်လာတာမှ မဟုတ်တာကို...

"နော်လို့ ဝမ်သခင်ကြီး......"

"ရှောင်ကျန့် ငါနားငြီးလာပြီး သွားဆော့တော့ သွား..."

"မဆော့ပါဘူး... ဆံပင်ရှည်ချင်ပါတယ်ဆို..."

"ချက်ချင်းမှမရှည်တာ ငါကဘာလုပ်ပေးရမှာလဲ..."

"ဒါနဲ့များ... ဝမ်သခင်ကြီးတဲ့...
အိမ်ကြီးသာပိုင်တာ အလကားပဲ .. ဟွန့်..."

"ရှောင်ကျန့်!
အဖျားပျောက်ခါစမို့ ငါမဆူသေးတာကို အထွန့်တက်မလာနဲ့..."

"ဆူလို့သာ ဆံပင်ရှည်မယ်ဆို အဆူခံပြီးသားပါနော်..."

"ကျစ်... ခေါ်သွားကြစမ်း...
နေ့လည်စာပါ အခန်းထဲမှာပဲကျွေး...
ငါပြန်မလာမချင်း အပြင်မထွက်ခိုင်းနဲ့..."

"အား... ဘာလုပ်တာလဲ...
လွှတ်.... ငါ့ကိုလွှတ်ကြ... ဝမ်ရီပေါ်... လူဆိုးကောင်ကြီး..."

အစောင့်တွေလက်ထဲ ထွန့်ထွန့်လူးရုန်းရင် ပါးစပ်ကလဲ မျိုးစုံအော်သွားသေး

တောက်....ဘယ်လိုမနက်ခင်းမျိုးလဲကွာ
ဧည့်ခန်းထဲက TVကိုသာ စိတ်တိုတိုနဲ့ဘုကြည့်ကြည့်ပစ်လိုက်တယ်...

...........

ဒီရှောင်ကျန့်ကတော့လေ နေ့လည်အထိ ဘာမှမစားပဲ ဂျီကျနေပြန်ပြီ
ငယ်ငယ်ကသူ့အထိန်းတော်တွေ ဘယ်လိုများထိန်းခဲ့ကြလဲမသိဘူး...

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now