Unicode
"ဝမ်သခင်ကြီး..."
အရမ်းတွေချိုနေတဲ့ အသံအရတော့ တခုခုပူဆာမလို့ထင်ပါရဲ့
"ပြော..."
"ကျန့်ကျန့်ကျောင်းတက်ချင်တယ်...."
"ဘာရယ်...."
လူကြည့်တော့ဖြင့် အသက်က၃၀ကပ်တော့မယ် ဒီလူကတော့....
"ကျောင်းတက်ချင်လို့..ဆို...."
"ကိုယ့်အသက်လဲပြန်ကြည့်ဦး..."
"ပြောတော့ ၂၀ဆို
ပြီးတော့လေ ကျန့်ကျန့်နေမကောင်းဘူးဆို
အါ့ဆို ကျောင်းဘယ်ပြီးအုံးမလဲတဲ့...""တဲ့..?
မင်းကိုဘယ်သူပြောလိုက်တာလဲ...""ဘယ်သူမှပြောပါပူး...."
"ရှောင်ကျန့် မလိမ်နဲ့နော်..."
"....."
"ရှောင်ကျန့်!"
"ဖြည်းဖြည်းအော်ပါ ဟိုနေ့ကတွေ့တဲ့ကလေးတွေပြောတာ..."
"မင်း .... အပြင်ကိုခိုးထွက်တာလားရှောင်ကျန့်
ဟမ်... ဘယ်နှစ်ကြိမ်ရှိနေပြီလဲ...""ခိုးထွက်လို့ရတယ်လား?
ပြောတော့ မထွက်ရဘူးဆို....""မရပါဘူး.... ဒါဆိုမင်းကအဲ့ကလေးတွေဘယ်လိုတွေ့လဲ..."
"ခြံထဲကပေါ့
ကျန့်ကျန့်ခြံထဲမှာဆော့နေတုန်း သူတို့ကဖြတ်သွားတာ...
သူတို့မှာစက်ဘီးတွေလဲပါတယ်...
အဲ့တာ အပြင်မှာတခါမှမမြင်ဖူးတာနဲ့...
ခြံတံခါးကနေ ချောင်းကြည့်တာ...
သူတို့ကမြင်သွားပြီး ကျန့်ကျန့်ကိုပြတာ...
ပြီးတော့မေးတယ် ဘယ်နှစ်တန်းလဲတဲ့ သူတို့ကအလယ်တန်းတွေတဲ့... ပြီးတော့လေ...""နေပါဦး အဲ့ဒိလောက်တောင်အကြာကြီးစကားရပ်ပြောရလား...ပြီးတော့ ခြံတခါးကအလုံပိတ်လေ မင်းကဘယ်လိုမြင်လဲ..."
"တံခါးကလား ပန်းအိုးတွေလာပို့လို့ ပိကျိလေးဖွင့်ထားတာ...ကျန့်ကျန့်ဖွင့်ခိုင်းတာမဟုတ်ပူးနော်..."
"ငါမင်းကို သူစိမ်းတွေနဲ့စကားမပြောဖို့ မှာထားတယ်လေ..."
"သူတို့က ကလေးတွေလေ..."
"ထားတော့ ဆက်ပြော..."
"ဒါပဲလေ ... ကျန့်ကျန့်မှ အတန်းမသိတာ...
ကျောင်းတက်ချင်တယ်လို့ နော်..."
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး