Unicode
"ဟို ခြံရှေ့မှာ အကိုလေး သူ့လူတွေအများကြီးနဲ့ ရောက်လာတယ် ..""ဘယ်လို..."
ခြံဝကိုသွားကြည့်တော့ ကား၆စီးလောက်ရပ်ထားပြီး ရှေ့ဆုံးကားပေါ်မှာ အကိုလေးက ထိုင်နေခဲ့သည်။
"ရှောင်းသခင်လေး..."
"ဦးလေး တံခါးဖွင့်ပါဦး..."
"တောင်းပန်ပါတယ် ကျတော်တို့ဆီက ဧည့်သည်လက်မခံရလို့ပါ ..."
"ဦးလေးကျိုး..."
"အလုပ်ကိစ္စရှိရင် ရုံးမှာပဲ သွားတွေ့ပေးပါ..."
"ကျတော်က အလုပ်ကိစ္စလာတာမှမဟုတ်တာ ဖွင့်ပေး.."
"သခင်ကြီးအကြောင်း ရှောင်းသခင်လေးလဲသိမှာပါ
ကျတော်တို့ကို ဖိအားမပေးပါနဲ့...""ကျတော့်ကို အဝင်မခံဖို့ ပြောထားလို့လား..."
"ဘယ် သူစိမ်းမှ.."
"အာ ကျတော်က သူစိမ်းမှမဟုတ်တာ
သူတို့ကခဏပဲ ပစ္စည်းတွေချခိုင်းပြီး ပြန်လွှတ်မှာ..""ဒါက..."
"ဝမ်ရီပေါ်က ကျတော့်ကို အိမ်သားမဟုတ်တော့ဘူး ပြောထားလား..."
"မပြောထားဘူး အကိုလေး..."
ဒါမျိုးက မြန်မြန်ဝင်ဖြေပေးမှ မဟုတ်ရင် ဦးလေးကျိုးနဲ့က အကိုလေး ဝင်ရမှာမဟုတ်ဘူး
"ဒါဆို ရပြီလေ "
"ဖွင့်ပြီနော် ဦးလေးကျိုး..."
ခပ်သွက်သွက်ပဲ ဖွင့်ပေးလိုက်တယ်"ခဏလေး ရှောင်းသခင်လေးပဲဝင်ပါ ကျန်တဲ့လူတွေတော့ ခွင့်မပြုဘူး..."
"ပစ္စည်းတွေက အများကြီး..."
"ဘာပစ္စည်းမှလဲ ယူခွင့်မပြုပါဘူး..."
သူမှားထားတာမို့ အားလုံးကိုတောင်းပန်ဖို့ လက်ဆောင်တွေ ယူလာတာ
ဒါကြောင်မို့လဲ ဝမ်ရီပေါ်မရှိတဲ့အချိန်လာပါတယ်ဆိုမှ
ရှောင်ကျန့်စိတ်လျော့လိုက်ရင်း သူ့လူတွေကို ပြန်လှည့်ခိုင်ရလိုက်သည်။"အိုကေ ဦးလေးသဘောအတိုင်းပဲနော် ဝင်လို့ရပြီလား.."
ဝမ်ရီပေါ့် အိမ်တော်ထိန်းဆိုမှတော့ ဝမ်ရီပေါ့် သာသာပဲ..
.....
ESTÁS LEYENDO
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး