Unicode
"ဝမ်သခင်ကြီးရေ ..... သွားကြမယ်လေ""ခဏနေပါဦး စောသေးတယ်.."
"ဟာာ ၈နာရီထိုးတော့မှာကို..."
"ခုမှ ၇နာရီခွဲပဲရှိသေးတယ် သူများအိမ် အားမနာဘူးလား"
"သူများအိမ်မှမဟုတ်တာ ဝမ်အိမ်တော်ပဲကို
နော်.... လုပ်ပါ ""အဲ့ဒိအိမ်ကို တော်တော်သွားချင်နေတယ် ဟုတ်လား..."
"အင်းလေ အဲ့မှာဆို မားလဲရှိတယ် စစ်ကျွေးလဲရှိတယ်
ကိုကြီးလဲ လာလည်မှာ...""ခများမိသားစုလား ကျတော့မိသားစုလား ဟမ်အရူးလေး.."
"ငါ့မိသားစုလေ ငါ့ကိုအကုန်ချစ်တဲ့ဟာာ
ဝမ်ရီပေါ်သာ ဖင်ပူအောင်မနေတာ....""ကျတော်အဲ့ဒိလိုရှာလို့ ခများခုလိုဆိုးနေနိုင်တာလေ ...သွားပန်းပင်တွေသွားကြည့်ဦး တအောင့်နေမှသွားမှာ..."
"ဟုတ်သားပဲ ငါ့ပန်းလေးတွေသေချာမှာခဲ့ရဦးမယ်..."
ဟိုဘက်အိမ်သွားဖို့ပြင်ထားတဲ့ ကျောပိုးအိတ်လေးပစ်ချပြီး ပန်းပင်တွေဆီပြာတိပြာရာ ထွက်သွားလေသည်။
မသိရင် သူပဲပြုစုစောင့်ရှောင့်နေသလိုလို .... အလကား ပန်းဘယ်နှစ်ပွင့်ပွင့်မလဲပဲ သွားမေးတာကိုများ....
..................
"မာမားးးးးရေ......
စစ်ကျွေးရေ.........."အိမ်ပေါက်ဝရောက်တာနဲ့ အူမြူးနေလိုက်တာ မူကြိုကလေး အိမ်ပြန်လာသလိုပဲ....
"ကိုကြီးကိုတော့ မတွေ့ချင်ဘူးပေါ့...."
"အား ကိုကြီးလဲရောက်နေပြီလား အဲ့ကြောင့်စောစောလာပါမယ်ဆို ဟိုသခင်ကြီးလေ မသွားခိုင်းဘူး..."
"ဟားဟားး ကိုကြီးလဲခုမှရောက်တာပါ... လာ
မားမားမုန့်တွေအများကြီးပြင်ထားတယ်တဲ့....""ရေးးးးး မာမားရေ သားလေးပြန်ရောက်လာပါပြီ...."
အော် မသိရင်ကိုယ်ကပဲ ပြန်ပေးဆွဲ နှိပ်စက်ထားသလိုလို
"ရီပေါ်လာလေ မာမားကမင်းတို့ကိုမျှော်နေတာ..."
အကိုကြီးကတော့ ထုံးစံအတိုင်း အလုပ်ချိန်ကလွဲရင် အမြဲတန်းပြုံးချိုနေတာပဲ
STAI LEGGENDO
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး