Unicode
ရှောင်ကျန့်တယောက်အလုပ်ရှုပ်နေတယ်
အရင်လဲ အလုပ်ရှုပ်ပေမယ့် ခုကပို အလုပ်ရှုပ်နေတယ်။
ဘာလို့ဆို မှန်ပြောင်းတလက်ရထားလို့လေ ....
နှယ်နှယ်ရရ မှန်ပြောင်းမဟုတ်ဘူးနော် ဟိုတလော ကိုဗစ်ကြောင့် ဆေးပညာအကြောင်း ဘာညာကြည့်ရင်း microscope လေးတွေတွေ့လို့ ပူဆာလိုက်တာ
ဝမ်ရီပေါ်က ကပ်စေးနှဲပြီး microscope အစား ဝယ်ပေးထားတဲ့မှန်ပြောင်း ...
ပိုးကောင်တွေကြည့်မရပေမယ့် အဝေးကြီးကြည့်လို့ရတယ်။
ခုဆို ခြံထဲကပန်းတွေလဲ အခန်းထဲကနေ သေချာကြည့်လို့ရပြီ။
ဝမ်ရီပေါ်ကြီး ဘယ်နားဘာလုပ်နေလဲ ကြည့်ပြီးလဲ ရှောင်နေလို့ ရတယ်။အမိုက်ဆုံးက အိမ်အပြင်ဘက်တွေကို ကြည့်လို့ရတာပဲ။ သစ်ပင်တွေနဲ့ဆိုတော့ နေရာတော့ နည်းနည်းရွေးရတယ်။
"အရှေ့ဘက်က ကားလမ်းမ...
အနောက်ဘက်က ......."မှန်ပြောင်းတလက်နဲ့ အပြင်တွေကြည့်လိုက် ပုံဆွဲလိုက်လုပ်နေတယ့် ရှောင်ကျန့်ကြောင့် ရီပေါ်သတိထားမိသွားသည်။
"ရှောင်ကျန့်... ဘာလုပ်နေတာလဲ..."
"အော် မြေပုံဆွဲနေတာလေ..."
"မြေပုံ!"
"အင်းလေ ဒီမှာကြည့် ဒါကအိမ် အရှေ့ဘက်ကလမ်း.."
"ရှောင်ကျန့်!!!"
"ဘာ..ဘာလဲ"
"ပေးစမ်း အဲ့စာရွက်ရော မှန်ပြောင်းရော..."
"ဘာလို့ပေးရမှာလဲ ငါ့ဟာတွေကို..."
ပြောပြောဆိုဆို ရှောင့်ကျန့်ကလဲ အကုန်လုံးကို ရင်ဘတ်ထဲကောက်ပိုက်လိုက်သည်။
"ခများက အဲ့တာတွေနဲ့ ဘာလုပ်မလို့လဲ ထွက်ပြေးချင်နေတာလား ဟမ်
ပြော အဲ့တာဘယ်သူက လုပ်ခိုင်းတာလဲ၎င်း..""ဘာကိုလုပ်ခိုင်းတာလဲ ငါ့ပစ္စည်းတွေပဲဟာ..."
"ဒါဖြင့် ဒီမြေပုံက ဘာလုပ်ဖို့လဲ "
"ငါကြည့်ဖို့လေ..."
"ကြည့်ပြီးဘာလုပ်မှာလဲ ခများနဲ့အဲ့ဒိအပြင်က ဆိုင်လို့လား... "
VOCÊ ESTÁ LENDO
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး