"ဒေါက်... ဒေါက်..."စာကြည့်ခန်းထဲ အလုပ်လုပ်နေတာကို ခေါင်းအုံးပိုက်ပြီးရောက်လာတဲ့သူ
"အလုပ်များနေတယ် တခုခုလိုချင် အောက်ထပ်ကလူတွေသွားပြော.."
"မဟုတ်ဘူး... မအိပ်ရဲလို့..."
"ခါတိုင်းလဲ အိပ်နေကြကို မရစ်နဲ့ ..."
"စစ်ကျွေးလေ ခုနက သရဲအကြောင်းတွေပြောတာ မအိပ်ရဲတော့လို့..."
"အဲ့တာဆို စစ်ကျွေးနဲ့သွားအိပ်လေ...."
"သူက ထပ်ခြောက်မှာ ... အားကျန့်လိမ်မာပါ့မယ် ငြိမ်ငြိမ်လေးအိပ်ပါ့မယ် နော်နော်..."
"ဒီမှာ အိပ်စရာမှမရှိတာ... ကြမ်းပြင်မှာအိပ်မလို့လား..."
" အခင်းသွားယူလိုက်ရမလား..."
"သွားယူတုန်းသရဲထွက်လာရင်ရော..."
"သခင်ကြီးနော် .... သခင်ကြီးပါမခြောက်နဲ့
အဲ့တာဆိုလဲထိုင်ခုံပေါ်ပဲ အိပ်မယ်လေ...""အိပ်တတ်လို့လား..."
"ရတယ် လူရှိရင်ရပြီ..."
"အဲ့တာများ ဝန်ထမ်းတွေခေါ်အိပ်လေ...."
"ဟင့်အင်း... သခင်ကြီးနားမှာအိပ်ရင် အိပ်ရတာ ကောင်းတယ်..."
"..."
"တကယ် ရင်ဘတ်ထဲမှာ နွေးတယ်..."
ရင်ဘတ်ကိုဖိပြီး အရူးလေးလိုရယ်နေပြန်ပြီ။
"အဲ့လိုမရယ်နဲ့..."
"ဘာလို့လဲ..."
"ရုပ်ဆိုးတယ်...."
"ခုလဲ လှတာကျလို့ ...
ဟိုဘက်လေး နည်းနည်းတိုးပါဦး...""ဟိုဆိုဖာပေါ်သွားအိပ်..."
"ဝေးသွားမှာပေါ့... ထောင့်စွန်း ပိကျိလေးပဲဖယ်ပေးပါ ခေါင်းလေးပဲတင်အိပ်မှာပါ..."
"ဇာတ်နာမယ် ငါလဲအာရုံနောက်တယ်..."
"အဲ့ဒါဆို အားကျန့်လဲ စာဖတ်မယ်လေ..."
"ခေါင်းကမကောင်းတာကို အိပ်ရေးဝအောင်အိပ်...
ကျစ်... ထတော့ အခန်းထဲပဲသွားမယ်...""ဟီး ဟုတ်ကဲ့ ဘာသယ်ပေးရဦးလဲ သခင်ကြီး..."
"မင်းပစ္စည်းတွေသာ သယ်ခဲ့..."
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး