Unicode
"သခင်ကြီး ခုဝင်လာတဲ့သူက ကျန်းသခင်လေးပါ"မြို့တော်က သခင်လေးတွေရဲ့ ထုံးစံအတိုင်းပါပဲ ဖြူစုတ်စုတ် ပိန်ညောင်ညောင်နဲ့ မျက်နှာကတော့ တလောကလုံး သူတို့ပိုက်ဆံစားနေတဲ့ရုပ်တွေ
ရှောင်ကျန့်ကရော သူမသိတဲ့ တခြားတဖက်မှာ ဒီလိုမျက်နှာမျိုးပဲလား
ပုံမှန်ကတော့ ရှောင်ကျန့်ကမျက်နှာချိုသည် ဘာပြောပြောအပြုံးလေးနဲ့
ဒါကြောင့်လည်း ကောင်မလေးတွေရော ကောင်လေးတွေပါ ကြွေခဲ့ကြတာရှောင်ကျန့်က ဒေါသထွက်သွားရင်တောင် မရိုင်းစိုင်းတတ်
မျက်နှာသာတည်သွားတတ်သည်။ဒါပေမယ့် ရှောင်ကျန့်မျက်နှာတည်ရင် တခြားလူမပြောနဲ့ သူတောင်ကြောက်မိသည်။
အဲ့ဒိတည်းက ရှောင်ကျန့်ရဲ့ အရှိန်အဝါကို သူခံစားမိခဲ့ရမှာ...နောက်ကကပ်ပါလာသူကို ကြည့်လိုက်တော့
အင်မတန်ကို နာမည်ကြီးနေတဲ့ သနားစရာကျန်းသခင်မလေးပဲ...
လေလံပွဲတလျောက် တွေ့ရသလောက်တော့ ကျန်းချန်က တကယ်ကို စိတ်မြန်လက်မြန်သမားပင်
သူ့အစ်မ ကျန်းရန်လီကတော့ ပြုံးပြုံးလေးနဲ့ စိတ်ရှည်သည့်ပုံစံပေါ်သည်
ရှောင်ကျန့်နဲ့ လိုက်ဖက်ညီပါပေတယ်.........
လေလံပွဲအပြီး dinner ကိုပါ သူလာခဲ့သည်။
ကိုကြီးကတော့ မလိုက်ဖို့ပြောပေမယ့် အဲ့ဒိမောင်နှမကို သူ သေချာသိချင်သေးသည်။ရှောင်ကျန့် ရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ မိန်းကလေးက ဘယ်လိုပုံစံတွေများလဲလို့
......
"အော် ဒီက ဒုတိယဝမ်သခင်လေးထင်တယ် တွေ့ရတာဝမ်းသာပါတယ်..."
ရှာစရာတောင် မလိုအောင် မျက်စိရှေ့ကို ရောက်ချလာတာပဲ
"....."
"ကျဲနာမည်က ကျန်းရန်လီပါ
ဟိုဘက်က ကျဲမောင်လေးလေ ကျန်းချန်.."
VOUS LISEZ
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး