Unicode
"ရား... ဝေ့ဝူရှန့်ကွ..."
"......"
"အာာာ မင်းတို့ကလဲ စကားပြန်ပြောလေ..."
"လန်ကျန့်က စကားမှမပြောတာ သခင်လေးရဲ့..."
"အဲ့ဆိုလဲ မျက်နှာတော့ လှုပ်လေကွာ.."
"မျက်နှာလဲမပြောင်းဘူးလေ.."
"မုတော့ ထည့်လေကွာ မု(ဒ်) ...မု(ဒ်)..
တကယ်ပါပဲ ငါပါမုပျောက်တယ်...""ကျွန်တော်တို့က သရုပ်ဆောင်မှမဟုတ်တာ သခင်လေးရဲ့.."
"အင်းလေ... ပြီးတော့ကျတော်တို့ကျ ဆံပင်တိုကြီးဟာ.."
"ဘာလဲ မင်းတို့လဲဆံပင်လိုချင်လို့လား...
ကိုယ့်ဘာသာဝယ်နော်...
ငါတောင် ၅ယွမ်ပေးဝယ်ထားရတာ..."**အော် ဒီလိုအကောင်းစားကြီးကို၅ယွမ်ဆို
အခု၁၀၀၀လောက်တောင် ဝယ်ချင်ပါတယ် သခင်လေးရယ်... **"မဝယ်နိုင်ပါဘူး သခင်လေးရယ်
တခြားဟာပြောင်းဆော့ရအောင်...""မင်းတို့ကလဲ ငါတောင် အလုပ်တခုကို၁၀၀ရတာ မင်းတို့ဆိုအများကြီးရမှာပေါ့..."
"မရပါဘူးသခင်လေးရယ်..."
"ဘာလို့လဲ?"
**ရင်တွေဘာတွေနာလာပါပြီနော် ဒီသခင်လေးနဲ့..**
"အမ်... ဟိုဟာလေ သခင်လေးကဘွဲ့အမြင့်ကြီးရထားလို့လေ..."
"အော် အဲ့လိုလား...
အင်းပါ အဲ့တာဆိုလဲ .. တခြားဟာဆော့ကြမယ်..."နေကောင်းပြီးခါစမို့လို့လား တခြံလုံးပတ်ဆော့လိုက်လို့လားပဲ ဗိုက်ဆာဆာနဲ့ နေ့လည်စာကို စားပွဲပေါ်တွေ့သမျှ အကုန်စားပစ်လိုက်သည်။
အကျိုးဆက်ကတော့ ခု ဗိုက်အောင့်နေပြီ။
ဝမ်ရီပေါ်အရှေ့ဆိုတော့ ပြောလဲမပြောရဲဘူး။
တော်ကြာအဆူကခံရဦးမယ်။ထမင်းကိုတို့ကနန်းဆိတ်ကနန်းသာစားနေသော ရှောင်ကျန့်ကြောင့် ရီပေါ်လှမ်းကြည့်လိုက်သည်။
ဒါလဲသိပုံမပေါ် မျက်နှာကလဲမကြည်မသာနဲ့..."ရှောင်ကျန့်..."
"ဟင်..."
![](https://img.wattpad.com/cover/284099020-288-k836869.jpg)
STAI LEGGENDO
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး