Unicode
"ကျန့်ကောရေ သားလာတယ်..."ကားပေါ်က မဆင်းခင်တည်းက ခြံထဲကို အာပြဲနဲ့ လှမ်းအော်နေတဲ့စစ်ကျွေး
ဟိုကလဲကြားတာနဲ့ ပန်းပင်ကလိလက်စပစ္စည်းတွေ ပစ်ချပြီးကို ပြေးတွေ့တာ...လိုက်လဲလိုက်ကြပါတယ်
"အား.... စစ်ကျွေးလား...
လာပြီ...လာပြီ....ငါမှာဒီရက်ပိုင်းပျင်းနေတာ...""သိတယ်လေ အဲ့တာကြောင့် လာလည်တာ
ဟိုအဖိုးအိုလေးကော အိမ်မှာရှိလား...""တိုးတိုး ..ရှိတယ် "
အလယ်မှာ ထိုင်နေတဲ့အကိုတယောက်လုံးကို မမြင်ပဲ မကောင်းပြောတဲ့ညီရယ် မျက်နှာရိပ်မျက်နှာကဲနဲ့ လုပ်ပြနေတဲ့လူရယ်... ဟင်းးးး
"ဟီး... ကိုလေး သားကမမြင်လိုက်လို့..."
"ဘာလာလုပ်တာလဲ..."
"လာလည်တာလေ... ကျန့်ကောဆီ..."
"ဘယ်နှစ်ရက်နေမှာလဲ..."
"ဘယ်လောက်နေနေပေါ့ ... လာတာနဲ့ညီကိုနှင်နေတယ်..."
"နှင်တာမဟုတ်ဘူး မင်းဖို့ပါလုံခြုံရေးတိုးရမှာမို့...
မားရောသိရဲ့လား...""သိပါတယ်... မုန့်တွေတောင်ထည့်ပေးလိုက်သေး...
ပြီးတော့သားဖို့ လူမလိုဘူးနော် ခုတောင်အများကြီးဟာ..""လိုတယ်... ခုတောင် တသားသားနဲ့ ကျပ်မပြည့်ဘူး..."
"ကျန့်ကောနဲ့ပြောရင်း အကျင့်ပါလို့ပါဗျာ...
ကိုလေးကိုချွဲစရာလား ""လာလာ.. သူကအာ့လိုပဲ စိတ်ထဲမထားနဲ့ ငါတို့မုန့်သွားစားကြမယ်..."
"အိုကေ let's go to our paradise..."
အတိုနဲ့အရှည်ကို တယောက်ပခုံးတယောက်ဖက်လို့ စောင်းစောင်းကြီး ထွက်သွားကြလေရဲ့
"၂ယောက်လုံးကို သေချာကြည့်ထားနော်
ငါ့ခွင့်ပြုမပါရင် နေမကောင်းဘူးဆိုရင်တောင် ခြံပြင်မထွက်စေနဲ့....""ဟုတ်ကဲ့ပါ သခင်ကြီး..."
အရင်ကမှ ရှောင်ကျန့်က ပြန်ထိန်းဖော်ရသေး ခုက ဘုန်းကြီးရူးနဲ့လှေလူး
ပြီးတော့အရင်လို ငြိမ်းအေးတဲ့ဘဝတွေ မဟုတ်ကြတော့ဘူးလေ
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး