Part 17

1K 82 2
                                    

Unicode

(Flashback)

ရည်းစားတွေ ဖြစ်ပြီးနောက် သိလာတာက ရှောင်ကျန့်က စိတ်၂မျိုးနဲ့လူပဲ တချို့နေရာတွေမှာ လူကြီးဆန်သလောက် တချို့နေရာတွေလဲ အရမ်းဂျီကျတတ်တယ်

အရင် စကားပဲပြောနေတုန်းက သိပ်မသိသာပေမယ့် ခု video callတွေရော လူချင်းတွေ့တာတွေရော ရှိလာချိန်မှာတော့ သိသာတယ်

သူစိမ်းတွေရှေ့ မှာ အမြဲစိတ်ရှည်နေပေမယ့် ကွယ်ရာဆို နှုတ်ခမ်းဆူပြီး စိတ်ဆိုးချင်ဆိုးနေတာမျိုး .... ကြောင်လေးလိုခေါင်းလေးတိုးပြီး ချွဲနေတတ်တာမျိုး...
တန်ဖိုးကြီးအရာတွေကို အလေးမထားပေမယ့် သူလိုချင်လာရင်လည်း အဖိုးနည်းပစ္စည်းလေးတခုကိုတောင် မရရအောင် ကြိုးစားတတ်တာမျိုး....

ပြီးတော့ရယ်စရာတခုရှိသေးတယ် အဲ့ဒါက ၂ယောက်လုံးက အပေါ်ထပ်လုနေကြတာပဲ ရှောင်ကျန့်ကလဲ ချွဲရင်သာချွဲမယ် သူအပေါ်ထပ်ပဲ ရီပေါ်ကလဲ တပြားသားမှမလျော့ဘူး
ခေါ်တာကိုက ရှောင်ကျန့်က ကိုနဲ့ဘေဘီ ရီပေါ်က ကျတော်နဲ့ဘေဘီ တခါတလေ စစ်ကျွေးလာလည်ချိန်ဆို သူမှာနားကိုမူးနေရောပဲ....

ဒါပေမယ့် သူတို့အရမ်းချစ်ကြတယ် ရှောင်ကျန့်က ပါးစပ်ကသာ ဂျီကျတတ်ပေမယ့် ရီပေါ်လိုတာမှန်သမျှ ပြောစရာမလိုအောင် ဖြည့်ဆည်းပေးတယ် အမြဲလဲအလျော့ပေးတတ်တယ် .... ရီပေါ်ကလဲ တခြားလူတွေကိုသာစိတ်မရှည်ပေမယ့် ရှောင်ကျန့်ဘယ်လောက်ဆိုးဆိုးသည်းခံတယ်....

တခုပဲ ....သူတို့မပွင့်လင်းခဲ့ကြဘူး ....
ရှောင်ကျန့်က သူ့အိမ်နဲ့ပတ်သတ်ရင် အရမ်းသိုဝှက်တယ် ရှောင်ကျန့်အဆင့်အတန်းအရ အိမ်တော်တခုခုကမှန်းသိပေမယ့် အတိအကျမပြောပြဘူး မေးရင်လဲမဖြေဘူး.... အဲ့ဒါက ရီပေါ့်ကိုအမြဲသိမ်ငယ်စေတယ် အဲ့ဒိလိုပဲ ရိပေါ်ကလဲ ရှောင်ကျန့်နဲ့ပတ်သတ်သမျှ သူ့ခံစားချက်တွေကို ထုတ်မပြောပြခဲ့ဘူး .... ရှောင်ကျန့်က သူကသာ ချစ်နေရသူလို့ ခဏခဏပြောတတ်တယ်.....

ရီပေါ့်အဖေဆုံးပြီးချိန်မှာတော့ သူတို့ကြား အဆင်မပြေမှုတွေ ဖြစ်လာခဲ့တယ် .... ရီပေါ်အဖေမရှိတော့တဲ့အတွက် ဂိုဏ်းကို သူတို့ညီအကိုတွေဦးစီးဖို့ ဖြစ်လာခဲ့တယ်... ရှောင်ကျန့်ကလဲ သူ့အသိုင်းအဝိုင်းက BLကိုတောင် လက်ခံဖို့ခက်တာ လူဆိုးဂိုဏ်းဝင်သာဆို ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ တားတယ်....
ရီပေါ်ကလဲ သူတို့သာ မဦးစီးလို့ အာဏာမရှိတော့ရင် သူတို့မိသားစု အန္တရာယ်ဖြစ်လာလိမ့်မယ် လက်ရှိလဲ ရှောင်ကျန့်မိသားစုက သူ့ကို အတွေ့ခံလို့လားလို့ပြောတယ်....

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now