Unicode
"၅၀၀.. ၆၀၀...၇၀၀.."ရှောင်ကျန့်တယောက် တအိမ်လုံးပတ်မွှေပြီး ကြိုးစားပမ်းစားရှာထားသမျှ ပိုက်ဆံတွေရေနေတာပါ။
"ဟိုလေ... အကိုကြီးတို့"
"အင်း...."
"ဒီပိုက်ဆံလောက်ဆို ဝမ်ရီပေါ်လိုကတ်ရပြီလား..."
"ဟားးဟားးး သခင်လေးကလဲ black cardဆိုတာ ဒိအဆတထောင်တောင်မရဘူးဗျ...."
"ဘာ..... အဆတထောင် ...
ဒီလောက်ပိုက်ဆံအများကြီးလား...
မင်းတို့ဝမ်ရီပေါ်ကမှော်ဆရာမို့လို့လား..""ဒီလောက်ချမ်းသာလို့ ဒီလိုနေနိုင်တာပေါ့သခင်လေးရဲ့..."
"အဲ့လောက်ချမ်းသာတာများ ငါ့ကျဖုန်းမဝယ်ပေးဘူး.."
"ဖုန်းရရင် သခင်လေးကဘာလုပ်မလို့လဲ..."
"ဓါတ်ပုံရိုက်မှာပေါ့ကွ.... ငါ့အပင်တွေ ငါ့ဓါတ်ပုံတွေ ငါ့မုန့်တွေ..."
"ရိုက်ပြီးဘာလုပ်မလို့လဲသခင်လေးရဲ့ မင်းသားလဲမဟုတ်ပဲနဲ့..."
"အဲ့လိုတော့မင်းမပြောနဲ့လေကွာ သခင်လေးပြောတာဟုတ်တယ် ကိုယ့်ဘာသာတော့ပုံတွေသိမ်းထားသင့်တာပေါ့"
"အဲ့တာပြောတာလေ မင်းတို့ဝမ်ရီပေါ်က ငါ့ကိုမသထှာဘူး"
"အွန် ဒီလောက်ထားပေးထားတာကိုသခင်လေးကလဲ.."
"ဒီမှာ ညောင်ညောင်ကောင် ငါ့မှာအပင်တွေလဲလုပ်ရ အိမ်အလုပ်တွေလဲလုပ်ရ မင်းတို့ဝမ်ရီပေါ်လုပ်ရလို့လား ဟမ်..."
"သခင်လေးကလဲ အဲ့လိုမခေါ်စမ်းပါနဲ့ဗျာ..."
"ခေါ်မှာပဲ မင်းကအနံ့ခံကောင်းတယ် ...
နောက်တခါငါ့ဘက်မလိုက်ရင်တော့ မင်းဂိန်ဂိန်ကောင်ပဲ..""အဲ့လိုတွေခေါ်လို့ သခင်လေးပိုက်ဆံမရတာ..."
"ဘာဆိုင်လို့လဲ...."
"ဆိုင်တာပေါ့ သခင်လေးသာ သခင်ကြီးကို ကိုကိုလေးလို့ သာချိုချိုသာသာခေါ်ပါလား မုန့်ဖိုးတွေအများကြီးရမှာ"
"တကယ်!"
"ဟိတ်ကောင် မင်းမချွန်နဲ့နော် ..သခင်ကြီးသိရင် ငါတို့၂ယောက်လုံးသေမှာ.."
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး