Unicode
ဒီရက်ပိုင်း ဝမ်ရီပေါ်တယောက် နေရထိုင်ရခက်လိုက်တာ...
သူတင်လားဆိုတော့ မဟုတ်ဘူး
အိမ်တော်တခုလုံးပဲ
အကုန် တမှိုင်မှိုင် တတွေတွေနဲ့ရှောင်ကျန့် ခြံထဲဆင်းလာတာ မြင်တာနဲ့ အကုန်လုံးက ပြာပြာသလဲကို အနားပြေးကပ်ကြသည်။
"အကိုလေး ပန်းတွေလာကြည့်တာလား..."
"ကျန့်ကျန့်လေး ဦးလေးပန်းအသစ်တွေ ပျိုးထားတယ် ကြည့်မလား..."
" သခင်လေး ခြံထဲဆော့မလို့လား ကျတော်တို့ဝိုင်းဆော့ပေးမယ်လေ..."
"ဟင့်အင်း... ပန်းချီဆွဲမလို့ပါ..."
"အော် ဟုတ်ဟုတ်အကိုလေး ဘယ်နားဆွဲမလဲ ထီးမိုးပေးမယ်လေ ခုံရော..."
"အာ...မလိုပါဘူး ... ဒီတိုင်း မြက်ခင်းပေါ်ထိုင်ဆွဲမှာပါ နည်းနည်းပါးပါးပါ..."
" ဟို သခင်လေးဘာစားချင်လဲ သွားလုပ်လာခဲ့မယ်လေ.."
"မစားချင်သေးပါဘူး ...."
အကုန်လုံးက သူ့နားဝိုင်းပြုံလို့...
"ကျန့်ကျန့် ဘာမှမလိုပါဘူး ... လိုရင်ပြောမယ်လေ
ကဲကဲ... ဖယ် ... ကျန့်ကျန့်ပုံဆွဲလိုက်ဦးမယ်..."အကုန်မျက်နှာငယ်လေးတွေနဲ့ ပြန်ထွက်လာကြရတယ်။
ဟူး..... အထီးကျန်လိုက်တာ.... အေးစက်လိုက်တဲ့အိမ်တော်ကြီး ငါတို့အလုပ်လုပ်ရတာ သိပ်ပင်ပန်းတယ်။ခုတလော ရှောင်ကျန့်တယောက် ဘာဖြစ်နေလဲမသိဘူး
ဘယ်သူမှလဲဂျီမကျ ဘာပြဿနာမှလဲမရှာဘူး...
အစားလဲချေးမများ ဘယ်သူမှလဲ အနားကပ်မခံနဲ့ တအိမ်လုံးမှာ နေမထိထိုင်မသာပဲသူရဲ့ရဲဘော်ရဲဘက် စစ်ကျွေးကလဲ အကိုကြီးခိုင်းထားလို့ တခြားမြို့ရောက်နေတော့ ပိုဆိုး...
တခြားနေရာတခု ရောက်နေရသလိုပဲ အိမ်တော်ဟာ တိတ်ဆိတ်ခြောက်ကပ်လို့
ထုံးစံအတိုင်းပဲ တအိမ်လုံးရဲ့အပြစ်တင်ချင်နေတဲ့ မျက်လုံးတွေက ဝမ်ရီပေါ့်ဆီမှာ
၄ရက်က ၅ရက်ဖြစ်လာတော့ သူလဲ မနေတတ်တော့ဘူး
"အန်တီရင်း ဟိူလူက ဘာဖြစ်နေတာလဲ..."
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး