Unicode
ခုတလော ဝမ်ရီပေါ်က အိမ်ကပ်တယ်ကိုမရှိဘူး ပိတ်ရက်လဲ အလုပ်ရှုပ်နေရောပဲ။
ဒီနေ့မှ ထူးထူးဆန်းဆန်း တနေ့လုံးဘယ်မှမသွားဘူး အခန်းထဲကလဲ မထွက်ဘူး
အခုလဲ သူ့အခန်းထဲရောက်လာပြီး စကားလဲမပြောဘူး
သက်ပြင်းပဲထိုင်ချနေတယ်"ဝမ်ရီပေါ်..."
"...."
"ဝမ်သခင်ကြီးရေ.."
"ဟင်..."
"ပြောစရာရှိလို့ဆို..."
"ဟင်းးးးးး
ရှောင်ကျန့်..""အင်း.."
"မနက်ဖြန်... အိမ်ကို... ဧည့်သည် လာလိမ့်မယ်..."
"ဒီအိမ်ကို ?"
"အင်း..."
"ထူးထူးဆန်းဆန်း..."
"အင်း
အမျိုးသမီးတယောက်...""ဘာရယ်..
မိန်းကလေး?""အင်း.."
"ဝမ်..ဝမ်ရီပေါ်... မင်းမိန်းမယူတော့မလို့လား.."
"မဟုတ်ဘူး...
ဒီအတိုင်း လာတာပါ အလုပ်ကိစ္စအရေးကြီးလို့
အဲ့တာ ခများနဲ့တွေ့ခဲ့ရင်လည်း အပေါ်ယံမေးထူးခေါ်ပြောပဲ လုပ်
တခုခုလာပြောရင်လည်း နားထဲထည့်မနေနဲ့ ဟုတ်ပြီလား..""ဘယ်လောက်နေမှာလဲ..."
"ခဏပါပဲ အပြင်မှာတွေ့ဖို့အဆင်မပြေလို့ ..."
"အော် ဒါများ
မင်းတို့ဘာသာတွေ့လေ ငါအခန်းထဲပဲနေမှာပေါ့...""မရဘူး သူကခများကိုလဲ နှုတ်ဆက်လောက်တယ်.."
"ဟမ်... ငါဘယ်တုန်းက အပြင်လူတွေ့ရလို့လဲ
မင်းမှန်မှန်ပြော မင်းမိန်းမလုပ်မယ်သူမဟုတ်လား..""မဟုတ်ပါဘူး ဒီအတိုင်း..
ဟို... ကျတော်တို့အကြောင်းစုံစမ်းနေတဲ့သူတွေ ..
သူတို့က ခများရှိတာလည်း သိပြီးနေပြီမို့လို့...""ဟွန် မင်းတို့လုံခြုံရေး ညံ့လို့ပေါ့..."
"အင်း..."
"မသုံးမကျလိုက်တာနော် ..."
"ကဲပါဗျာ ကျတော်ပြောတာသာမမေ့နဲ့
တွေ့ရင် ဘာမှမပြောနဲ့ ပြောလဲမယုံနဲ့ ဟုတ်ပြီလား."
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး