Part 37

972 87 4
                                    

Unicode

ဟွိုက်ခွမ်း ဝင်လာတဲ့ ဖုန်းကောကိုကြည့်ရင်း သက်ပြင်းချမိသည်။

"ဟလို "

"ဟလို ကိုကြီး
ရီပေါ်နေကောင်းရဲ့လားဟင်..."

"အင်း သက်သာပါတယ်.."

"အဲ့တာဆို ကျတော့်ဖုန်းကို တမင်မကိုင်တာပေါ့နော်.."

"မဟုတ်ပါဘူး သူဆေးရှိန်နဲ့ အိပ်နေလို့.."

"မနေ့တည်းက သွားတဲ့ဟာ
ခုထိမှ ဖုန်းမကိုင်တာ..."

"သူ့လက်တွေက နာနေတုန်းမို့လေ
သက်သာရင် ကိုကြီးဆက်ခိုင်းလိုက်မယ်.."

"ဟုတ်ကဲ့ပါ ကိုကြီး
ဒါပါပဲနော်..."

တိုးလျနေတဲ့အသံလေးကြောင့် ရှောင်ကျန့်လေး ဘယ်လောက်ဝမ်းနည်းနေလဲ သိသာလှသည်။ ရီပေါ်ကလဲ မနက်တည်းက အလုပ်ပဲဖိလုပ်နေသည်။ ဖုန်းခဏခဏခေါ်နေတာကို မကိုင်တဲ့အပြင် အဝေးတောင်ပို့ထားသေး...

.......

ရှောင်ကျန့် ညစာစားရင် မျက်ရည်ကဝဲလာသည်။

"သခင်လေးကလဲ သခင်ကြီးကပြန်လာမှာပါ ခဏခဏငိုနေရင် မျက်လုံးတွေနာလိုက်မယ်..."

"သူပြန်မလာရင်ရော..."

"မလာပဲမနေပါဘူး သခင်လေးရဲ့...
သခင်ကြီးက စိတ်ရှုပ်နေလို့ပါ..."

"ပြောတော့ ဆေးကုတာဆို ..."

"ဟို ...အါ့လက်ကြောင့် စိတ်ရှုပ်နေတာပေါ့ ..."

"အရင် တကိုယ်လုံးထိတာတောင် အိမ်မှာနေတဲ့ဟာ
မတော်လို့ သေသွားရင်ဘယ်လိုလုပ်မလဲ
ကျန့်ကျန့်တို့ လိုက်သွားမယ်လေ..."

"အာာာ ဘာမှမဖြစ်ပါဘူး သခင်လေးရဲ့ စိတ်ချ.."

"သေချာလို့လား....
မလိမ်နဲ့နော် သေတော့မှာမို့ လိမ်ထားတာလား...
ဟုတ်တယ်မလား ..."

"မဟုတ်ရပါဘူး သခင်လေးရယ်
လက်လေး၂ဖက်ထဲပါ ဒိတိုင်းထိခိုက်မိတာပါ
သေချာမကုရင် ဟိုဟာလေ အဘိုးကြီးတွေလို လက်တွေဘာတွေတုန်နေမှာ စိုးလို့ပါ
သခင်လေးလဲ သိတယ်မဟုတ်လား သခင်ကြီးက ပဲများတယ်လေ.... "

တောင်းပန်ပါတယ် သခင်ကြီးရယ် ကန်တော့ ကန်တော့ ဒါတောင် သခင်လေးက သိပ်မယုံချင်သေး အင်တင်တင်နဲ့

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးDonde viven las historias. Descúbrelo ahora