Part44

907 86 5
                                    


Unicode

"ရှောင်ကျန့် ကစားကွင်းသွားချင်လား.."

"ကစားကွင်း!
ဟို... ဇာတ်ကားတွေထဲကဟာကြီးလား..."

"အင်း..."

"သွားချင်တာပေါ့ ..."

"အဲ့တာဆို နေ့လည်အိပ်ထား ညကျရင်လိုက်ပို့မယ်..."

"အမ် ညဘက်ကြီးလား..."

"အင်း နေ့ခင်းဘက်ကလူတွေနဲ့လေ..."

"ငါက လူမဟုတ်ဘူးလား..."

"မရစ်နဲ့ ညဘက်ဆို ခများတယောက်တည်း စိတ်ကြိုက်ဆော့လို့ရတယ်..."

"အာာာ မှောင်မှောင်မဲမဲကြီး မသွားဘူး..."

"မီးတွေမှ ခများတောင် မျက်စိကျိမ်းရမယ်..."

"ဟင့်အင်း နေ့ဘက်ပဲ သွားချင်တာ..."

"အဲ့တာဆိုရင်တော့ မသွားရဘူး.."

"မသွားရလဲ ဘာလို့လာပြောလဲ
သက်သက်မဲ့မျှော်လင့်ချက်တွေပေးပြီး..."

ပြောပြောဆိုဆို ထိုင်ရာကနေ ထထွက်သွားသည်။ 

ဟူးးးးးး
ဘာတွေဘယ်လိုဖြစ်လာမယ်မသိလို့ သူကြိုက်တတ်တာတွေ လုပ်ပေးမလားတွေးမိတယ် အဆင်ကမပြေပြန်ဘူး

ခုတောင် မလုံခြုံနေတော့ နေ့ခင်းဘက်ကလဲ အပြင်ခေါ်ဖို့ကလဲ အဆင်မပြေ

သွားပြောမိပြန်တော့ ဝမ်းကလဲနည်းနေဦးမယ်

သူလဲခုတလော ဘာတွေလုပ်မိနေမှန်းကိုမသိဘူး
အသိလေးကပ်မှပါ

........

ထင်တဲ့အတိုင်းပင် တမနက်လုံး အခန်းထဲကထွက်မလာတော့

နေ့လည်စာစားတော့လဲ မျက်နှာကမကောင်း

"ဟင်းးးးး
ရှောင်ကျန့်.."

"...."

"ရှောင်ကျန့်.."

မေ့သာကြည့်သည် ပြန်မဖြေဘူး..

"ဒီလိုလုပ် ဒီနေ့ညဘက်သွားလည်မယ်
နောက်တခါမှ နေ့ဘက်သွားလည်မယ်
ခုတလောက ပွဲတော်ကာလမို့ လက်မှတ်က ဝယ်ရခက်တယ်
လိုချင်ရင်အကြာကြီးကြိုပြီး အော်ဒါတင်ထားရတာ.."

"အဲ့လိုလား..."

"အင်း ...
ဒီညသွားမလား..."

ဒါတောင် သိပ်ယုံပုံမပေါ် မျက်လုံးလေးစွေပြီး စဉ်းစားနေသေး

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now