Unicode
"ရှောင်ကျန့်! ရှောင်ကျန့်!
မျက်လုံးဖွင့်ပါဦး......
ဘာလုပ်နေကြတာလဲ ဆရာဝန်ခေါ်လေ...."ရှောင်ကျန့်ကိုယ်လေးကို ပွေ့ချီရင်း အခန်းဆီအမြန်သယ်သွားလိုက်သည်။ မွေ့ရာပေါ် နေရာချပေးပြီး လက်တွေကို ကိုင်ကြည့်မှ အေးစက်နေတာပဲ
**ဘယ်လောက်တောင် ကြောက်သွားလို့လဲ ... ဒါမှမဟုတ် အစတည်းက နေမကောင်းဖြစ်နေတာလား....**
"အဲ့တာ ကိုလေးကြောင့် အားနေကျန့်ကောကို ဆူနေတာပဲ.... ဆရာဝန်ကလဲကြာတာ... အဆောင်နဲ့ဒီအိမ်တင်ကို.."
ကြာမှာပေါ့ ဝေးတယ်လေ.....
လုပ်ငန်းလုပ်နေရတော့ ဒဏ်ရာရသူက ခဏခဏရှိတတ်တယ်လေ.... အိမ်တော်နားကအဆောင်ဆို စပ်စုတတ်တဲ့ရှောင်ကျန့်သွေးသံတွေ မြင်မှာစိုးလို့ ဆရာဝန်ကို ခြံအစွန်းနားမှာ သွားထားထားတာ...ဆရာဝန်လဲ ကားပေါ်ကဆင်းတာနဲ့ အိမ်ပေါ်ပြေးတက်လာခဲ့ရသည်။ ဒီလူကိုထိမိရင် ဝမ်တဂိုဏ်းလုံး သွားထိမိသလိုဖြစ်သွားမှာလေ... VIPတွေရဲ့VIP
သဘောကောင်းလွန်းလှပါတယ်ဆိုတော့ သခင်လေး ဝမ်စစ်ကျွေးကအစ မျက်စိဒေါက်ထောက်ကြည့်နေတော့ ဆရာဝန်လဲ သေချာကိုစမ်းသပ်နေရသည်။
"လန့်သွားတာရယ် အားနည်းနေတာကြောင့်ရယ်ပါ
တခြားစိုးရိမ်စရာတော့မရှိပါဘူး ဆေးသွင်းထားတော့ သိပ်မကြာခင် သတိရလာမှာပါ...""အားကဘာလို့နည်း...
စားရမယ့်ဇယားပါ ဆွဲပေးခဲ့လိုက်ပါ
ပြီးတော့ နောက်ရက်တွေလဲနေ့တိုင်းလာcheckပေးလိုက်ပါ
ဧည့်ခန်းထဲမှာပဲဖြစ်ဖြစ်..."**သခင်ကြီးရယ် ဒီလူကလဲ မလိုပဲ အခန်းထဲမဝင်ချင်ပါဘူးနော်...**
ဆရာဝန်ပြန်သွားသည်နှင့် ညီအစ်ကို၂ယောက်ရဲ့ပွဲက ပြန်စသည်...
"ညကိုအချိန်မှန်အိပ်ကြ ဂိမ်းတွေပဲဆော့မနေနဲ့
၂ယောက်ပေါင်းပြီးလဲ မအိပ်နဲ့တော့...
ပေါက်ကရတွေလျောက်လျောက်လုပ်လို့ ခုလိုဖြစ်တာ...""ကိုလေးအော်လို့လေ...
ခဏခဏအော်မှတော့ လန့်မှာပေါ့
သူများက ရွှေပေါ်မြတင် ရွှေမင်းသားလေး
နူးနူးညံ့ညံ့ဆက်ဆံလေ...."
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး