Part19

1K 80 3
                                    

Unicode

အရှေ့က၂ယောက် တကယ်လွန်နေပြီပဲ  ... ထမင်းစားပွဲမှာတောင် စားစရာကို ဟိုလုဒီလုနဲ့ဆော့နေကြတယ်။

"ရှောင်ကျန့်.."

"အင်း..."

ပါးစပ်ကသာ အင်းတာ မျက်နှာက မုန့်လုနေတာကနေ တချက်မရွေ့

"ရှောင်ကျန့်!"

"ပြောလေ ..."

"ရှောင်ကျန့် ငါခေါ်နေတယ်လေ ... လက်ထဲကတူကိုချစမ်း..."

"အာာ... ဘာလဲ ... ဒီမှာလုနေပါတယ်ဆို..."

"ဒါထမင်းစားပွဲလေ ဆော့စရာလား...
စစ်ကျွေး...မင်းလဲ ကောင်းကောင်းနေစမ်း...
အရူးလိုလိုအပေါလိုလို လုပ်မနေနဲ့...
အချိုးမပြေရင် အိမ်ပြန်...."

ဆူလိုက်မှ ၂ယောက်သားငြိမ်သွားကြသည်။

ဟုတ်တယ်လေ ဟိုတယောက်က နေမကောင်းလို့ထားပါဦး စစ်ကျွေးကပါ မထိန်းပဲ လိုက်လိုက်ဆော့တာ...
သူမရှိချိန်ဆို ဘယ်လောက်မျောက်မူးလဲနေကြလဲမသိဘူး

.........

"ဟူး...."

အလုပ်တွေက အဆင်ပြေလွန်းတော့လဲ သိပ်မကောင်းဘူး...

ဒီညလဲ ဟိုဘက်မြို့က ပါတီတခုကို ဖိတ်ခံရသည်။

ခါတိုင်းဆိုရင်တော့ ညဉ့်နက်တဲ့ပွဲတွေ အကိုကြီးကို သွားခိုင်းပေမယ့် ခုကနာမည်နဲ့အတိအကျဖိတ်တာ ...
ငြင်းဖို့လဲ အဆင်မပြေတဲ့သူ.....

ဒီလိုပွဲတွေကို တကယ်ကိုသဘောမကျဘူး...
ပွဲကတော်တော် သားရေးသမီးရေးတွေ အောင်သွယ်တွေနဲ့ပဲရှုပ်နေတာ...

အချစ်ရေးကတော့ ရှောင်ကျန့်တယောက်နဲ့တင်ပဲ စိတ်ကုန်သွားပါပြီ....

မဖြစ်မနေ မိန်းမယူစရာလဲမလိုဘူးလေ သား၃ယောက်တောင်ရှိတယ့်ဟာ....

ကျတော်တို့မယူလဲ စစ်ကျွေးကတော့ သေချာပေါက်ကိုယူမှာ ပူစရာမလိုဘူး....

ဟင်း.... မကောင်းတတ်ပါဘူးလေ ခဏမျက်နှာသွားပြပြီး ပြန်လာလိုက်မယ်...
အိမ်မှာစစ်ကျွေးလဲ ရှိနေတော့ ဟိုလူလဲ သိပ်ပြသနာမရှာလောက်ပါဘူး ... သူဘာသာဆော့ပြီးအိပ်သွားမှာပါ...

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now