Part29

949 82 5
                                    

Unicode
"တော်ပြီ ကျတော်ဝပြီ.."

"ဒီတခုတော့ ထပ်စားပါဦး..."

"မစားနိုင်တော့ဘူး ...
တကယ်ပါ.."

ပြောသာပြောရတာ ရှောင်ကျန့်မျက်နှာလဲ ကြည့်ရသေးတယ်။
ဝမ်ရီပေါ့်ဘဝက လွယ်ကူမနေဘူး။

ညနေကဘယ်လိုမှ ပြောမရတဲ့အဆုံး ဒဏ်ရာက အရမ်းနာလာပါတယ်ဆိုပြီး drama တွေချိုးပြလိုက်မှ ရောက်ချလာတာ။
အဲ့ဒိကျတော့လဲ မျက်ရည်လေးဝဲတဲတဲနဲ့ ....
ပြီးတော့ အတင်းတွေပြုစုတော့တာပဲ ငြင်းလဲမငြင်းရဲဘူး။

"ကဲ ကျတော်ဆေးလဲသောက်ပြီးပြီ ခများလဲသွားနားတော့..."

"ဟင့်အင်း ငါဒီည ဒီမှာအိပ်မှာ..."

"မနက်မှပြန်လာပါ ...."

"မင်း ထပ်နာနေရင်ဘယ်လိုလုပ်မလဲ..."

"မနာတော့ပါဘူး..."

"ပြောရမလား အဲ့ဆရာဝန်ကလဲညံ့လိုက်တာ လူပြောင်းလိုက်တော့...."

"ဟဟ မဟုတ်ပါဘူးဗျာ မတော်တဆနာတာပါ..."

"ဘာပဲဖြစ်ဖြစ် သူ့တာဝန်ပဲလေ
အလုပ်သေချာမလုပ်တဲ့သူတွေက ဒီလိုနေရာမှာမရှိသင့်ဘူး...."

"ရှောင်ကျန့် "

"အွန်..."

"အဲ့ဒိလိုစကားတွေ ဘယ်ကတတ်လာတာလဲ..."

"မဟုတ်လို့လား..."

"ခင်များကို ဘယ်သူသင်ပေးလိုက်လဲလို့..."

"ဘူမှမသင်ပါဘူး ငါဒီလောက်တော့ ပြောတတ်ပါတယ်..."

သူရှောင်ကျန့်လက်တွေကို ဆုပ်ကိုင်လိုက်မိသည်။

"မပြောနဲ့ ....တွေးလဲမတွေးနဲ့
ခေါင်းထဲပေါ်လာလဲ မေ့ပစ်လိုက်....
ခင်များက အဲ့ဒိလိုလူမဟုတ်ဘူး....
ခင်များက ကြင်နာတတ်တဲ့လူ အဲ့ဒိလိုစကားလုံးတွေမသုံးစမ်းပါနဲ့...."

"ဝမ်ရီပေါ်ကလဲ ပျော့ညံ့လိုက်တာ....."

"ရှောင်ကျန့်!
ခများဘာတွေဖြစ်နေတာလဲ
ကျတော်နဲ့ တနေ့လည်လေးပဲ မတွေ့တာလေ
ဘာလို့ အဲ့ဒိလူလိုတွေပြောနေတာလဲ...."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now