Unicode
ရှောင်ကျန့် ကိုယ့်ကိုကိုယ် စိတ်ပျက်လက်ပျက် ငုံကြည့်လိုက်သည်။
ဘာကိစ္စ ဘောင်းဘီရှည်ကြီးလဲ ပူပါတယ်ဆိုမှ
သူ သူများအိမ်မှာ သွားကပ်စားနေရလို့ စေတနာနဲ့လည်း ပြန်ခေါ်ပေးရသေးတယ်။ ငါ့ဘောင်းဘီတိုတွေ အကုန်သိမ်းခံရသည်။
ကျေးဇူးမသိတတ်တဲ့ ဝမ်ရီပေါ် မိုးရွာရင် မိုးသီးကြွေကျခံရမယ့်လူ....
စိတ်ကကြည်မနေပါဘူးဆို ပြဿနာက ထပ်တက်ပြန်ပြီ။
"အားးး မညှပ်ပါဘူးဆို..."
"ဆံပင်က ရှည်နေပြီလေ... မျက်စိထဲဝင်တော့မယ် ..."
"စုစည်းမှာပေါ့ မညှပ်ဘူး..."
"ဖရိုဖရဲနဲ့ လာစမ်းပါ ခါတိုင်းလဲညှပ်နေကြကို..."
"ဟင့်အင်း အရှည်ထားမှာ..."
"အရှည်ထားရအောင် ခများက မိန်းကလေးလား..."
"မသိဘူး ငါအရှည်ထားမှာ..."
"ရှောင်ကျန့် ဂျီမကျစမ်းပါနဲ့.."
"ငါ့ခေါင်းကအပင် ငါ့ဘာသာရှည်ရှည်တိုတိုပေါ့..."
"ဒီအိမ်မှာနေတာပဲ ငါညှပ်ဆိုညှပ်ပေါ့...
ခများခုနောက်ပိုင်း သိပ်ဘဝမေ့နေတယ်နော် ရှောင်ကျန့်...""အစတည်းက မသိတာလေ
မသိလို့ ဒီအိမ်မှာ အနှိမ်ခံနေရတာ ....
သူကျသွားချင်ရာသွား နေချင်ရာနေပြီး ငါ့ဆိုဆံပင်ကအစ ဘောင်းဘီအဆုံး အကုန်ဆူနေတာပဲ....""ဟင်းးးး
လိမ္မာတယ် ဆံပင်ညှပ်ရင် မုန့်ဝယ်ကျွေးမယ် ဟုတ်ပြီလား..""....."
"ပိုက်ဆံပါပေးမယ်..."
"......"
"အဲ့ဒိနှုတ်ခမ်းပဲထော်မနေနဲ့
တော်ကြာ ဆံပင်ကရှည်လို့ မျက်လုံးထဲဝင်သွားရင် ဘယ်လိုလုပ်မလဲ ခများက ဆံပင်လှန်တင်ရင်လဲ ရုပ်ကဆိုးသေး...""ငါက ..."
"အင်းလေ ရုပ်ဆိုးလို့ ကျတော်က ရှေ့ချထားပေးတာ..."
"တကယ်မချောဘူးလား..."
"ဘယ်လိုချောမှာလဲ လူကရှည်ရှည်ကို နဖူးကပြောင်သေး သွားကလဲကြီးသေး
ယုန်ပိန်တွေလှတာ မြင်ဖူးလို့လား"
ESTÁS LEYENDO
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး