Unicode
ခြံထဲမှာ သူစာဖတ်နေတုန်း ခပ်လှမ်းလှမ်းကနေ တရွေ့ရွေ့လာနေတဲ့ ဝှီးချဲဘာလာလုပ်ပြန်ပြီလဲ နေမကောင်းဘူးသာပြောတယ် နေရာတိုင်းမှာကိုတွေ့နေရတယ်
ပိတ်ရက်ဆိုတော့ ရုံးသွားရင်လဲ သိသာနေဦးမယ်
မားတို့ဆီသွားလဲ ပိုတောင်နားချကြဦးမှာ
အကုန်လုံးက သူ့ဘက်ကပဲ
ဟိုလူကလဲ ဒါတွေသိလို့ တမင်ကိုပိတ်ရက်နဲ့တိုက်ပြီး ရောက်လာတာဖြစ်မယ်
တကယ်တော့ သူ့မှာမေးစရာတချို့ရှိသေးတယ်
ဒါပေမယ့် သူ့ဒေါသနဲ့ ဟိုလူပုံယိုင်နဲ့နဲ့က အဆင်မပြေသေးလို့သာ
......သူ့ဆီကိုရောက်မလာပဲ ခပ်လှမ်းလှမ်းမှာရပ်လိုက်ပြီး သူ့ကိုကြည့်နေသည်
အစကတော့ ဘာမှမပြောပဲပစ်ထားလိုက်ပေမယ့် ဒီတိုင်းပဲနေပူကြီးထဲဆက်ရှိနေတာမို့
"ဘာကိစ္စလဲ..."
မေးတော့လဲမဖြေပဲ ခပ်ယဲ့ယဲ့သာပြန်ပြုံးပြသည်။ လူကလဲ ဖြူဖတ်ဖြူရော်နဲ့
ဘေးဘီကြည့်တော့လဲ ဘာအကူမှရှိမနေ
ခါတိုင်းဘဲအုပ်ကြီးလို သွားလေရာလိုက်နေကြသူတွေကဘယ်ရောက်နေကြတာလဲ
"ဟင်းးး"
သူပဲထကာ ဝှီးချဲအနားသွားလိုက်ရသည်။
"နေပူကြီးထဲဘာလာလုပ်နေတာလဲ မျက်စိနောက်တယ်..."
"ငါ အိပ်မရဘူး
အိပ်လိုက်တိုင်း အိပ်မက်ဆိုးတွေပဲမက်နေတယ်..."အသံကအစ ဖျော့တော့နေပြီ
"ဘာဆိုင်လဲ အခုနဲ့..."
"ငါအရမ်းအိပ်ချင်တယ် အိပ်လဲမအိပ်ရဲဘူး
မင်းအနားဆို အဆင်ပြေမလားလို့...""နေရိပ်ထဲဝင်နေလေ ..."
"ဝေးသွားမှာစိုးလို့
မင်းအနားကျတော့လဲ မင်းမကြိုက်မှာစိုးလို့...""ကျစ်...ထ"
"ဟင်..."
"ခြေထောက်ကအကောင်းမဟုတ်လား အခန်းထဲပြန်လိုက်ပို့မယ်..."
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး