Part30

1K 76 5
                                    

Unicode

ညကအတွေးတွေလွန်နေတာနဲ့ မနက်နောက်ကျမှ ထဖြစ်သည်။

"ဝမ်သခင်ကြီး နိုးပြီလား
မနက်စာဘာစားမလဲ..."

အရမ်းတွေ တက်တက်ကြွကြွမေးနေတဲ့ ရှောင်ကျန့်ကြောင့် နည်းနည်းတော့ ကျောချမ်းမိသည်။

"ခါတိုင်းလိုပဲလေ...."

"အာာာ လူမမာစာတွေက ပျင်းစရာကြီး
အားကျန့် မီနူးအသစ်လုပ်ပေးမယ်...."

"ရပါတယ်
ခများရောစားပြီးပြီလား..."

"ဟင့်အင်း.... သခင်ကြီးစားပြီးမှစားမှာ..."

"တူတူစားမယ် မချက်နဲ့တော့..."

"ဟွန်.... အားကျန့်က လူမမာမှမဟုတ်တာ..."

"သိပါတယ် ခများကို လူမမာစာမကျွေးပါဘူး "

"ဟီး.... "

............

"သခင်ကြီး ဒါလေးမြည်းကြည့်မလား...."

"ကိုလေးနဲ့မတည့်ဘူးလေ ကျန့်ကော...."

"သခင်ကြီးကလဲနော် လူကြည့်တော့ သန်သန်မာမာပုံနဲ့
နလံထနှေးလိုက်တာ...."

"ဘာရယ်...."

"ဟုတ်တယ်လေ ဇာတ်ကားတွေထဲဆို သတိပြန်ရပြီးရင် ချစ်သူကမုန့်တွေခွံ့ လမ်းတွေထလျောက်နဲ့ ....
သခင်ကြီးကျ တနေ့လဲပက်လက်လေး နောက်နေ့လဲပက်လက်လေး..."

"ခများသာဆို သတိတောင်လည်မှာမဟုတ်ဘူး..."

"သူများပစ်တာခံလာတာကိုး...."

"ရှောင်ကျန့်!"

"ဟုတ်တယ်လေ အားကျန့်သာဆို ပြန်ပစ်ခဲ့မှာ ကိုယ်မှာလဲပစ်စရာပါတာပဲဟာ..."

"အပြင်လောကက ခများဇာတ်ကားတွေလို မဟုတ်ဘူး
ထိရင်နာတယ် သေလဲသေတတ်တယ်...."

"အါ့တော့ မြန်မြန်ပျောက်ချင် အားကျန့်ချက်ကျွေးတာစားလေ ... စပယ်ရှယ်နော်...."

"ဆရာဝန်ကို အရင်ပြလေ သူခွင့်ပြုရင် စားမယ်..."

"အိုကေ အိုကေ ပြီးရင် သွားမေးလိုက်မယ်...ဟီး.."

...........

"ကျန့် ကော ပန်းပင်တွေ ဂရုမစိုက်တော့ဘူးလေ ငွေရအောင်လေ...."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now