Unicode
"ဟင်းးးးး"
ရီပေါ်ရဲ့ သက်ပြင်းချသံက တိတ်ဆိတ်နေတဲ့အခန်းထဲ ကျယ်လောင်လွန်းနေသည်။
ဟွိုက်ခွမ်းကတော့ ထုံးစံအတိုင်း အရှေ့တူတူကိုသာစိုက်ကြည့်နေသည်။
စစ်ကျွေးကတော့ရှင်းသည် တိုက်မည်။
ပြင်ဆင်တယ်ဆိုတာကောင်းပေမယ့် တချိန်လုံးရှောင်နေလို့လဲ အဖြေထွက်လာမှာမဟုတ်
သူက ငယ်ငယ်တည်းက တူတူပုန်းရင်တောင် အကြာကြီးပုန်းရတာကြိုက်သူမဟုတ်...
ကျန့်ကောရဲ့ မိဘတွေ ဒီဘက်ကို private jet နဲ့ထွက်လာပြီတဲ့ အများဆုံးအချိန်ရ၃နာရီပေါ့
ဘာပွဲလမ်းမှမရှိပဲ ရုတ်တရပ်လာတယ်ဆိုတော့ ဒီကိစ္စပဲဖြစ်စရာရှိသည်။
ပြီးတော့ သူတို့လာပြီဆိုကတည်းက ဒီဘက်ကသူ့တို့လူတွေအားလုံးလည်း ဝမ်ကိုလာနေလောက်ပြီ
ကျန့်ကောဆိုတာထက် ဒါသူတို့ဝမ်တဂိုဏ်းလုံးရဲ့ ပြဿနာပဲ
ဘာလို့ရှောင်ပြေးနေမှာလဲ
ကိုကြီးတို့ ကိုလေးတို့လို့ နောက်ကမိသားစုတွေ ဘာတွေ သူကတော့ထည့်မတွေးပေးနိုင်ဘူး...
ဒီအလုပ်လုပ်မှတော့ သေရဲ ရင်းရဲရမှာပေါ့...
"ကျတော်နဲ့ ဝမ်ကလူတွေပဲ ရှင်းလိုက်ပါ့မယ်..."
"ကိုလေး..."
"ရီပေါ် ဒါကဘာသဘောလဲ..."
"အတိုက်နိုင်ဆုံး ညှိနှိုင်းပါ့မယ့် နောက်ဆုံးမှ တိုက်မှပါ..."
"ကိုလေးရူးနေလား ဟိုလူတွေကညှိခံမယ်ထင်နေတာလား...
ဟိုမိန်းမက မယူရသေးတဲ့လူလေ
ဘယ်သူ့မဆို အစားယူလိုက်လို့ရတယ်
ခုက မိဘတွေလေ...""ဝမ်ဂိုဏ်းက လူမှန်သမျှ ငါ့အမိန့်အတိုင်းပဲ လုပ်ရမယ်ဝမ်ရီပေါ်
မင်းလဲ အတူတူပဲ
မင်းစိတ်ထင်ရာလုပ်ခွင့်မရှိဘူး...""ဒါပေမယ့် ဒါကျတော့်ကိုယ်ရေးကိုယ်တာလေ ကိုကြီး..."
"ငါသိလျက်နဲ့ လက်ခံထားခဲ့တာလေ
ငါမှာလဲ တာဝန်ရှိတာပဲ...."
KAMU SEDANG MEMBACA
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး