Unicode
ငြိမ်သက်တဲ့လေဟာ ကြောက်စရာကောင်းတယ်ဆိုတာ သိပ်မှန်တယ်။ခုတလော ဘာမှအထွေအထူး မရှိပဲအဆင်ပြေနေတယ်ထင်နေရာကနေ ပစ္စည်းတွေ လမ်းမှာဖြတ်လုခံရတယ်။
ပမာဏများတဲ့အတွက် ဝမ်ရီပေါ်ကိုယ်တိုင်လိုက်သွားရာကနေ ဒဏ်ရာရလာခဲ့ပြီ။ သူသတိမလစ်ခင် နောက်ဆုံးမှာခဲ့တာက 'ရှောင်ကျန့်မသိစေနဲ့ 'တဲ့။
ဒါပေမယ့် လတ်တလော အနေအထားအရ ဆေးရုံကလဲမလုံခြုံနိုင်တော့ အိမ်တော်ကိုပဲ ပြန်သယ်လာခဲ့ရသည်။ သတိရလာလို့ ဆူလဲအကုန်အဆူခံကြတာပေါ့။
"ကျန့်ကျန့်လေး အခန်းထဲဝင်နေနော် "
"ဘာလို့လဲ အန်တီရင်း..."
"ဟို ... ဖျားနေတဲ့လူတယောက် အလုပ်ကိစ္စလာမှာမို့လို့လေ ကျန့်ကျန့်ပဲအဖျားကူးမှာကြောက်တယ်ဆို ..."
"ဟွန်... အန်တီရင်းတို့ကိုလဲ ကူးနိုင်တာပဲ သူ့ကိုအဝင်မခံနဲ့လေ..."
"အန်တီရင်းလဲမတွေ့ပါဘူး တခြားလူတွေနဲ့ပဲ ဟိုဘက်အဆောင်မှာ တွေ့ကြမှာပါ ဒီရက်ပိုင်းကျန့်ကျန့်က အဲ့ဒိဘက်မသွားနဲ့ အပြင်လဲမထွက်နဲ့ နော် ဟုတ်ပြီလား ..."
"ဒါနဲ့ ဝမ်ရီပေါ်လဲ မရှိတဲ့ဟာကို သူကဘယ်သူ့နဲ့လာတွေ့တာလဲ..."
"ဟို... သူကသိပ်အရေးမပါဘူး ကျန့်ကျန့်ရဲ့ လာလာ အခန်းထဲသွားရအောင်.."
အရေးမပါဘူးလဲဆိုသေး သူ့ကိုလဲအပေါ်တက်ခိုင်းသေးတယ်။ ဖျားနေရင်အဝင်မခံနဲ့ပေါ့။ ဝမ်ရီပေါ်က ဘာတွေလုပ်နေမှန်းမသိဘူး။ ငါသာဖျားကြည့် ဝမ်ရီပေါ်ကို အော်ပစ်မယ် ဟွန့်..
ရှောင်ကျန့်လေးကို အခန်းထဲပို့ပြီးတာနဲ့ ဝမ်သခင်ကြီးကို အိမ်တော်ထဲခိုးသယ်ရတယ်။ တော်သေးတာပေါ့ အချိန်မှီပြန်ရောက်လာလို့။ မဟုတ်ရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်။ ခွဲစိတ်တာက အဆင်ပြေသွားပေမယ့် သတိကမရသေးဘူး။
..........ရှောင်ကျန့် သိပ်တော့ မသင်္ကာတော့ဘူး။ လာလည်တဲ့သူက ဘယ်သူကြီးများလဲ။
ဟွိုက်ခွမ်းကောနဲ့ စစ်ကျွေးလဲ ရောက်နေတယ်။
ဝမ်ရီပေါ်မရှိတုန်း ဧည့်သည်ကို ဧည့်လာခံတာတဲ့။
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး