Part 40

956 82 6
                                    

Unicode
ဘောင်းဘီတိုပြန်ဝတ်ရတာကို အချစ်ဦးနဲ့တွေ့ရသလို
အကဲပိုပြနိုင်တာ ရှောင်ကျန့်တယောက်ပဲ ရှိမယ်ထင်ပါရဲ့

"အားးယိုးးး ကိုရီးအသဲလေးတွေ
လွမ်းနေခဲ့ရတာ...
ဒီရက်တွေ အဆင်မှပြေရဲ့လား ...ဟင်"

"ရှောင်ကျန့် တပတ်ပဲအသိမ်းခံရတာနော်
အပိုတွေမလုပ်နဲ့..."

"တပတ်ကြီးတောင်လေ...
ဘယ်လောက်တောင် ရှည်ကြာလဲ
နော် အသဲလေး..."

"သွား ... သွား..
ယူပြီးပြန်တော့..."

"နှင်နေလိုက်တာ ...
ဘာလဲ မင်း ငါမသိအောင်များ ခိုးဝတ်ထားသေးလား
ဒါကြောင့် စိတ်မလုံနေတာလား..."

"ရှောင်ကျန့် မနက်ခင်းကြီးကို အာရုံလာမနောက်စမ်းနဲ့
ပြန်တော့..."

"မင်းဆို တပတ်တောင် နှောက်တာလေ...
ငါ့ကလေးတွေနဲ့ ငါ ဘယ်လောက်လွမ်းခဲ့ရလဲ..."

"ကျစ် ဘောင်းဘီလေးကိုဗျာ "

"ငါ့ခြေသလုံးတွေ ဘောင်းဘီကြီးပိတ်နေတာ
ဘယ်လောက်နေရခက်တယ်ထင်လဲ..."

"အရင်က အရှည်ဝတ်နေကျကိုများ..."

"ဘာရယ် ငါကလေ..."

"ဘာမှမဟုတ်ဘူး ပြန်တော့..."

"ဘာလို့ ပြန်ပဲခိုင်းနေတာလဲ
မဟုတ်တာဘာရှိနေလဲ ကောင်မလေးလား..."

"တချိန်လုံး ဒီမိန်းမအကြောင်းပဲ
ယူချင်မှတော့ ပေါ်တင်ယူမှာပေါ့
ခများလို ကုတ်ကမြင်း လူလိမ်ထင်နေတာလား..."

"ငါ ... ငါက ဘာလိမ်လို့လဲ
ပြီးတော့ တခြံလုံးယောက်ျားတွေချည်းကို ငါကဘယ်က မိန်းကလေး သွားကြိုက်ရမှာလဲ..."

"ဟင်း ...ဟုတ်တယ်လေ မရှိလို့
ရှိရင်ခများက  ကြိတ်တွဲဦးမှာမဟုတ်လား ...
ကျတော်က ခများလိုမဟုတ်ဘူး
နောက်တခါ ထပ်မပြောနဲ့..."

"ပြောတော့ဘာဖြစ်လဲ မပြောစေချင် အိမ်မှာနေပေါ့..."

"ခု အိမ်ထဲမှာကိုပြောနေတာလေ
နေစမ်းပါဦး ကျတော် မိန်းကလေးနဲ့တွဲတာ ခများမြင်ဖူးလို့လား ဒီလောက်ထင်နေရအောင်..."

"မမြင်ဖူးပေမယ့် သူတို့ပြောတာကြားဖူးတယ် မင်းကိုကြိုက်တဲ့သူတွေ အများကြီးတဲ့..."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now