Part12

1.2K 94 1
                                    

Unicode

"ရီပေါ်.. ရီပေါ်.."

ဒီအိမ်လဲရောက်ရော ခေါ်ပုံကအစ လုံးဝမခန့်လေးစားတော့တာ

"ဘာလဲ..."

"ဖုန်းကလေ ဓါတ်ပုံတင်မဟုတ်ဘူး videoလဲ ရိုက်လို့ရတယ်သိလား..."

"အင်း..."

ဖုန်းရသွားတာ မျောက်အုန်းသီးရသလိုပဲ လျောက်ဖွင့်ကြည့်ပြီး တွေ့သမျှ တခုပြီးတခုကို လာပြောနေတော့တာ....

"ရီပေါ်......"

"အင်း"

"ပုံလေးတွေလဲ ပို့လို့ရတယ်ရော..."

"အင်းးး"

"ပြန်ပို့ပေးလေ ငါ့ကို..."

"အမ် ငါ့ဆီပို့နေတာလား...."

"အင်းလေ .... မားကအိပ်နေတဲ့ဟာ...
ကိုကြီးနဲ့ စစ်ကျွေးလဲ မရှိဘူး...လုပ်ပါ..နော်.."

"ဖုန်းက အခန်းထဲမှာ ကျန်ခဲ့တယ်..."

"အိုက်ယား.... ဖုန်းကိုအနားမှာထားလေ...
ငါသွားယူပေးရမလား...."

ပြောပြီး ထပြေးယူတာများ ဝှီခနဲပဲ
ခါတိုင်းဆို ရေတခွက်တောင် ပိုက်ဆံပေးမှ ယူပေးတဲ့သူက
အဲ့ဒိလောက်တောင် ဖုန်းလိုချင်နေရှာတာလား...

ဟင်း.. မသနားနဲ့ ရီပေါ်.. မသနားနဲ့
ဒါတွေက တခဏတာတွေ

"ရပြီ ရပြီ ငါ့ကိုပြန်ပို့ပေး..."

ရှောင်ကျန့်ဖုန်းကို social media appတွေပိတ်ထားတာမို့ message တွေပဲပြန်ပို့ပေးလိုက်သည်။

"ဟွန်... မင်းကလဲ စာတွေချည်းပဲ ပုံလိုချင်တာပါဆို
ပြန်ပို့ပေး..."

တွေ့သမျှ emoji တွေ ပို့ပေးလိုက်တော့လဲ...

"အာာာ စာလေးနဲ့ပုံလေးနဲ့ တွဲပို့လေ..."

ပုံရောစာရောပို့လိုက်တော့လဲ

"ဟာ... စာကအဓိပ္ပါယ်ရှိမရှိတာ ပုံနဲ့လဲမလိုက်ဘူး..."

"ရှောင်ကျန့်.... ခများရစ်တာများနေပြီနော်
သွား ဂိမ်းဆော့နေ..."

"ဟွန့် စာလေးတွေ လိုချင်လို့ပါဆို...
ဂိမ်းက ငါမှမဆော့တတ်တာ...."

" ခါတိုင်း ဂိမ်းဆော့နေကြမဟုတ်ဘူးလား..."

"တူမှမတူတဲ့ဟာ.... ဘယ်သူမှလဲမသင်ပေးဘဲ ဘယ်လိုတက်မှာလဲ...စစ်ကျွေးကလဲ ပြန်မလာသေးဘူး
ငါဖုန်းကိုင်ချင်လို့ပါဆို...."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now