Part32

882 88 6
                                    

Unicode

အရမ်းတွေကြာနေတဲ့အတွက် မျက်နှာပူပူနဲ့ နောက်ကျောခိုင်းပြီးပဲ ရေးလိုက်ပါတယ် 😬

ရှောင်ကျန့်ခုတလော ပုံတွေပြန်ဆွဲဖြစ်တယ်။

ပုံဆွဲနေချိန်တိုင်း စိတ်ကနေလို့သိပ်ကောင်းတယ် .... ပြီးတော့ ပုံတခုကိုလဲ မြင်မြင်နေတယ်
ဒါပေမယ့် သေချာတွေးကြည့်ရင်လည်း မသိတော့ပြန်ဘူး...

အစိမ်းရောင်တွေအများကြီး
ပြီးတော့ အပြာနုလေး ...အဖြူ ...ပန်းရောင် ... အရောင်လေးတွေကလဲ အရမ်းလှတယ်
ဒါပေမယ့် ဝါးနေတယ် သေချာမမြင်ရဘူး
သိတယ်မဟုတ်လား .... ဖုန်းထဲက effects တွေလိုလေ

ကျန့်ကျန့်မျက်လုံးမှာများ auto effect တွေဝင်ကုန်တာလား...
အဲ့တာနဲ့သေချာ မျက်လုံးပြူးကြည့်တော့လဲ အရှေ့ကTVကြီးပဲမြင်တယ်

တအိမ်လုံးလျောက်ပတ်ကြည့်ပစ်လိုက်တယ်။
မြင်ခဲ့တဲ့ပုံနဲ့တူတာများ ရှိမလားလို့လေ

ခြံထဲက ပန်းပင်တွေကတော့ တူသလိုလိုပဲ
ဒါပေမယ့် ဘာမတူနေမှန်း မသိဘူး...

"သခင်လေး ဘာတွေချောင်းနေတာလဲ..."

"ဘာမှ မချောင်းပါဘူး
ဒါနဲ့...ကျန့်ကျန့်တို့ခြံထဲမှာလေ ပန်းရောင်စုံတွေ ပွင့်တဲ့နေရာရှိလား.."

"ရှိတယ်လေ "

"ဘယ်မှာလဲ..."

"သခင်လေးရဲ့ green house လေ..."

"အဲ့လိုမဟုတ်ဘူးလေ အမိုးလဲမပါဘူး
လေလေးကလဲ ဖြူးနေတယ်
နေလဲမပူဘူး
ပြီးတော့ ရင်ထဲမှာလဲအရမ်းအေးတယ်လေ..."

"ဘယ်နေရာလဲ သခင်လေးရဲ့
အိမ်တော်မှာ အဲ့ဒိလိုနေရာ ရှိလို့လား..."

"မသိလို့ပေါ့..."

"ကဲပါသခင်လေးရယ် နောက်ရက်ကျတော်တို့ ရှာကြည့်ပါ့မယ် ခုတော့ နေပူသေးတယ် အိမ်ထဲပဲနေပါ..."

"အင်း ... သိရင်ချက်ချင်းပြောနော်..."

"စိတ်ချ သခင်လေး..."

..............

"ဟူး...."

ရှောင်ကျန့် စိတ်ပျက်ပျက်နဲ့ ရောင်စုံခဲတံကို ပစ်ချလိုက်သည်။

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now