Part31

1K 92 4
                                        

Unicode

"နော် ..လို့ ... သခင်ကြီး ....နော် နော်"

"မရဘူး သွား..."

"သခင်ကြီးကလဲလို့...."

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ မျက်စောင်းနဲ့အတူ ထော်ထားတဲ့နှုတ်ခမ်းတမျိုး

"ရှောင်ကျန့်က ကောင်းကောင်းနေစမ်း..."

"ဟွန့် ...."

"အဲ့တာ ကစားစရာမဟုတ်ဘူး
သေနတ် ... သေတတ်တယ်..."

"အဲ့ကြောင့် သင်ချင်တာလေ...
တော်ကြာ အိမ်ပေါ်ထိလာပစ်ကြရင် ဘယ်လိုလုပ်မလဲ
အားကျန့်က ပက်လက်ကားယားလေး သေပေးရမှာလား..."

ပြောလဲပြော လူကလဲ လျှာလေးထုတ်ပြီး သေပြလိုက်သေး...

ဘေးက ဘော်ဒီဂတ်တွေခမျာ ရယ်ချင်တာကို မနည်းအောင့်ထားရတယ်

ဒီနောက်ပိုင်း အကိုလေးက သခင်ကြီးကို ပိုမလေးမစားလုပ်လာတယ်။ ဘယ်လောက်ဆူဆူ အချိန်တန် သခင်ကြီးပဲ ပြန်ချော့နေရတာကိုး...

"သွားစမ်းပါဗျာ ကိုယ့်ဘာသာ သွားဆော့စမ်းပါ..."

"မဆော့ပါဘူး ငါလဲဒီအိမ်သားပဲ
ငါလဲ ကာကွယ်ရမယ်..."

"ခများငြိမ်ငြိမ်လေးသာနေ
တအိမ်လုံး ငြိမ်းချမ်းတယ်..."

"မနေပါဘူး အန်တီရင်းတို့တောင် ပစ်တတ်တယ်
ငါက ...အဟဲ... အားကျန့်က ကိုယ့်ဘာသာသင်လိုက်လဲရတယ်နော်
ဒါပေမယ့် သခင်ကြီးကိုလေးစားသမှုနဲ့ ပြောပြတာကို
ဒီလိုသာနေရာတကာ လိုက်ပိတ်နေရင်တော့ ....
အင်း....နောက်များ ....စဉ်းစားမှပါလေ....."

မျက်လုံးလေးအပေါ်ကပ်ပြီး နှုတ်ခမ်းကစူလာပြန်ပြီ

"ရှောင်ကျန့်..."

"ဗျာ ...သခင်ကြီး..."

"ခုတလော ဘာကားတွေကြည့်နေတာလဲ..."

"ဇာတ်ကားနဲ့မဆိုင်ပါပုနော်
အားကျန့်က ဒီတိုင်းသင်ချင်တာ..."

"မဟုတ်ဘူး အဲ့ဒိဝက်နှုတ်ခမ်းပဲထော်နေလို့..."

"မထော်ပါဘူး
ဘယ်က ဝက်နှုတ်ခမ်းလဲ ....
ဒီလောက်ချစ်စရာလေးကို....
အွန့် သေချာကြည့်..."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးМесто, где живут истории. Откройте их для себя