Part5

1.3K 106 2
                                    

Unicode

"အား....ဝမ်ရီပေါ် ငါ့ကိုမလွတ်နဲ့နော်...
အားး ....အရမ်းမတွန်းနဲ့လေ...
မားမားရေ သားကိုကယ်ပါဦး....."

"ရှောင်ကျန့်ရာ အသံတိုးစမ်းပါ
ငါနားတွေအူလာပြီ....."

"လက်မလွှတ်နဲ့နော်.....
အား.... ဘေးကိုဘေးကို...."

စက်ဘီးစီးသင်ပေးရတာလည်း ကျွဲရိုင်းပွဲထဲရောက်နေရသလိုပဲ ထထအော်လိုက်ရင် နားကိုအူထွက်သွားရောပဲ
ဒါပေမယ့် မသင်ပေးလို့ကလဲမဖြစ်ဘူး ...
မဟုတ်ရင် ရောင်းစားဖို့ပဲချောင်းနေတာ.....
ခုလဲ သင်ခပေးရသေးတယ်....
သူကမဟုတ်ဘူးနော် ကျတော်ကပေးရတာ....

"ဝမ်သခင်ကြီး...."

"အင်း...."

"ဒီနေ့.. နည်းနည်းထပ်တိုးပေးပါလား...
ချော်က ၅ခါတောင်လဲထားတာ... နော်..."

"မင်းမှသေချာမစီးတာ..."

"ဝမ်သခင်ကြီးက လက်လွှတ်တာကိုး..."

"စက်ဘီးစီးပါတယ်ဆို လက်လွှတ်မှတတ်မှာပေါ့..."

"အွန်းဘာာအွန်းဘာာာ.... အါ့ဆိုလဲဆေးဖိုးတော့ပေး..."

"ငါပေးတဲ့ပိုက်ဆံ မင်းတကိုယ်လုံးပတ်တီးစီးလို့ရတယ်..."

"ဒါကလုပ်အားခလေ.... ဟိုဟာကပတ်တီးဖိုးပါဆို..."

"ယူ..ယူ...
သုံးစရာမရှိဘဲကို ဥစ္စာရူးနေတယ်..."

"ဟီး...ကျေးဇူးပါ...."

ပိုက်ဆံရတာနဲ့ ထထွက်သွားလိုက်တာများ လှစ်ခနဲပဲ..
ပြီးရင် အိမ်ကဆေးပဲထည့်မှာကို....
အင်းပေါ့လေ အိမ်အပြင်ကိုစိတ်မဝင်စားရင် ပြီးတာပါပဲ....

.....................

"တရက်လောက်နားလိုက်ပါ ကျန့်ကျန့်ရယ်
လက်တွေပါပွန်းသွားတဲ့ဟာ..."

"အါ့ဆို ပိုက်ဆံဘယ်ရမလဲ..."

"နောက်ရက် စီး​တော့ ရမှာပဲလေ..."

"ဒီနေ့လိုချင်လို့..ဆို...."

"ကျန့်ကျန့်လေးက ဘာသုံးမလို့လဲ..."

"မသုံးပါဘူး စုဖို့
လူဆိုတာ နေ့တိုင်းပိုက်ဆံရှာရမယ်တဲ့....."

"အယ် နေ့တိုင်းတော့ဘယ်သူရှာနိုင်ပါ့မလဲကွယ်
သခင်ကြီးတောင် တပတ်၂ရက်နားတယ်မလား..."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now