Part11

1.1K 95 1
                                    

Unicode
"အိုက်ယိုး... ပေပီလေးက ဒီကိုကို့ကို လွမ်းနေတာလား......အူးးးးမွ....

ဒီအချောလေးကရော လာပါဦး... မွ...

အမလေး...အိမ်ပြန်လာမှပဲ ဘဝကြီးကသာယာစိုပြည်တော့တယ်........"

အိမ်နောက်က မြက်ခင်းပြင်ပေါ်မှာ ယုန်တအုပ်နဲ့ kissing ဆွဲနေတဲ့ ရှောင်ကျန့်ရယ်ပါ။ သူ့မုန့်တွေလဲ ချကျွေးထားတာ ပေပွလို့ ....

စစ်ကျွေးကလဲ မတားတဲ့အပြင် သူပါယုန်တွေကို ဖဲပြားကြိုးတွေလိုက်စီးပေးနေသည်။

ယုန်တွေကလဲ ကျန်တဲ့လူသာအကပ်မခံတာ သူတို့သခင်မျောက်မူးလဲတွေနဲ့ဆို တည့်နေရောပဲ....

"စစ်ကျွေး...."

"ပြောလေ ကျန့်လေ..."

"ငါတို့နောက်တခါအပြင်ထွက်ရင် ယုန်အင်္ကျီတွေ ဝယ်ရအောင် ဒါမှပိုလှမှာ...."

"ဝယ်ကြမယ်လေ...ပိုက်ဆံတော့ ကျန့်ကောရှင်းနော်..."

"အမ်.... မင်းရှင်းလေ မင်းကကျောင်းတတ်နေတဲ့ဟာ..."

"အင်းလေ ကျောင်းတက်ရတော့ ပိုက်ဆံကုန်တယ်
ကျန့်ကောမှာ ပိုက်ဆံတွေအများကြီးဟာ..."

"ဘယ်ကများရမှာလဲ ငါ့မှာအလုပ်အများကြီးလုပ်မှ၁၀ပဲရတာ...."

"ဘာာာကြီး... ကျန့်ကောကအလုပ်လုပ်ရတယ်..."

"အင်းလေ မင်းအကိုကပ်စေးနှဲလား ငါ့ကိုအလကားတင်ထားမှာ..."

"တကယ်ကြီး..!.."

"ဟုတ်ပါတယ်ဆိုနေမှ.... ငါမှာပန်းတပွင့်ပွင့်မှ ၁၀ရတာ
တခါတလေ ထိခိုက်ဒဏ်ရာရမှ အပိုလေးဘာလေးပေးတာ..."

"ဒဏ်ရာတောင်ရတယ်..."

"ရတာပေါ့ အများကြီး တခါတလေဆိုကျိုးပြီတောင် ထင်ရတယ်...."

"ကျန့်ကောကို........ ကိုလေး...က  အလုပ်ခိုင်းတယ်....
မဖြစ်နိုင်တာဗျာ....."

"မယုံရင်ကြည့်.... ဒီမှာ
တွေ့လား.... အမာရွတ်ရေးရေးလေး....
ကျောတွေရော ပေါင်တွေရောရှိသေး....
ငါ.. လှန်ပြရမလား?.."

"တကယ်! ... ပြကြည့်...."

ဝမ်ရီပေါ်အကိုကြီးနဲ့စကားပြောနေတုန်း ခပ်လှမ်းလှမ်းမှာထိုင်ဆော့နေတဲ့ ရှောင်ကျန့်တယောက် စစ်ကျွေးကို လက်တွေမြှောက်ပြ ခြေထောက်တွေမြှောက်ပြမို့ ကြောင်သွားသည်။ ကြည့်နေတုန်းရှိသေး အင်္ကျီပါ လှန်နေသည်မို့.....

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now