Part42

885 87 8
                                    

Unicode
ကောနဲ့ ကျန်းရန်လီရယ်မှာစိုးလို့သာ သည်းခံပြီးပြန်လာရတာ သိပ်တော့ကျေနပ်လှတာမဟုတ်ဘူး

ဒါမျိုးကိုများ ရှောင်ကျန့်လို ဇီဇာကြောင်က ဘာတွေသဘောကျပြီး သူငယ်ချင်းဖြစ်လဲမသိဘူး

ဟွန်း သူ့အစ်မကိုလိုချင်လို့ ဖားတာနေမှာပေါ့

ကျန်းရန်လီကတော့ တကယ့်ရှောင်ကျန့်အကြိုက်ပဲ
ယဉ်ကျေးတယ် နှိမ့်ချတတ်တယ် ကြင်နာတတ်တယ်
ဒါပေမယ့် တဖက်မှာလဲ သခင်မလေးတယောက်ရဲ့ ဂုဏ်ဝါတွေ ပြတ်သားမှုတွေရှိတယ်

နေနဲ့လ ရွှေနဲ့မြပါပဲ

ဟက်.. စိတ်မကောင်းစရာပဲ ခများတို့ရဲ့အဲ့ဒိရှောင်ကျန့်က လွန်ခဲ့တဲ့နှစ်တည်းက မရှိတော့ဘူး

"သခင်ကြီး ..... သခင်ကြီး ...."

"ဟင်..."

"အိမ်တော်ပြန်ရောက်ပြီလေ သခင်ကြီး..."

ဘယ်အချိန်တည်းက ကားရပ်လိုက်မှန်းတောင် မသိလိုက်ဘူး
နောက်ကျနေပြီမို့ ရှောင်ကျန့်လဲ အိပ်နေလောက်ပြီပေါ့

"ဟိုလူရော..."

"ညစာလဲကောင်းကောင်းစားပြီး ဆေးလဲတိုက်ပြီးပါပြီ အိမ်ထဲကအိမ်ပြင်လဲမထွက်ပါဘူး..."
တခါတလေလေးလဲ ဒီလိုလိမ္မာဦးမှ

........

တနေ့လုံးမတွေ့ထားတာမို့ အိပ်ခါနီးသွားဝင်ကြည့်တော့ အရုပ်တွေကြား အိပ်ပျော်လို့....

တနေ့လုံးဆော့ထားရတော့ ပင်ပန်းရှာမှာပေါ့လေ

ရှုပ်ပွနေတဲ့ဆံပင်တွေကိုသပ်ပေးရင်း စောင်ပြန်ခြုံပေးတော့

"ရီပေါ်လား..."

အိပ်မှုန်စုံမွှားနဲ့ မေးလာသည်မို့
"အင်း ကျတော် ပြန်အိပ်တော့...."

"ဟင့်အင်း..."
မပွင့်တဲ့မျက်လုံးကို အတင်းဖွင့်ကာထလာသည်

"အိပ်ချိန်ကြီးလေ အိပ်တော့.."

"ဘယ်နှစ်နာရီလဲ..."

"နှစ်နာရီကျော်.."

"ခုမှပြန်လာတာလား..."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now