Unicode"အားကျန့်နဲ့တွေ့ခွင့်ပေးပါ"
ရုတ်တရက်ကြီး ရုံးခန်းကိုတယောက်တည်းရောက်လာကာ ပြောလိုက်သည့်စကားကကြောင့်
ဝမ်ရီပေါ် ပျက်ချင်သွားသည်မျက်နှာကို အမြန်ထိန်းလိုက်ရသည်။"အဟက်...
ကျန်းသခင်မလေး နားလည်မှုလွဲနေပြီထင်တယ်
ရှောင်းသခင်လေးက ကျတော်တို့ဒေသမှာ ပျောက်သွားတယ်ဆိုပေမယ့် ကျတော်တို့နဲ့ဘာရန်ငြိုးရန်စမှ မရှိခဲ့ပါဘူး.."ကျန်းရန်လီကတော့ ချိုသာစွာပြုံးရင်း
"ကျဲနဲ့ အားကျန့်နဲ့ တူတဲ့တချက်က ဘာလဲသိလား
မသေချာပဲ ဘာမှမလုပ်တတ်တာလေ...""အော် ....
ဒါပေမယ့်လည်း အမြဲတော့မမှန်နိုင်ဘူးလေ ကျန်းသခင်မလေးရဲ့...""ကျဲလို့ပဲခေါ်ပါ
ကျဲက ခုချက်ချင်းလဲ တွေ့မှာမဟုတ်ပါဘူး
နောက်တကြိမ်ကျဲတယောက်တည်း ထပ်လာမှပါ..."ဒါပေါ့ ရှောင်ကျန့်လိုပဲ အငြင်းအခုန်တွေမလုပ်ပဲ ယုံကြည်မှုအပြည့်နဲ့ သူလိုချင်ရာကိုပဲ သွေးအေးအေးနဲ့ပြောတတ်တာမျိုး
"...."
"စိတ်ချပါ
ကျဲက တွေ့ရုံပဲတွေ့မှာပါ ...""မြို့တော်ကလူတွေတောင် မရှာနိုင်တဲ့လူတယောက်ကို ကျတော်တို့က ဘယ်လိုများရှာပြီး တွေ့ပေးနိုင်မှာလဲဗျာ..."
"နားလည်မှုလွဲနေပုံပဲ
ကျဲ ကပြန်ခေါ်မှာမဟုတ်ပါဘူး
ဘယ်သူ့ကိုမှလဲ မပြောထားပါဘူး
အားကျန့်ကို တွေ့ရုံပါပဲ
ကျန်တာ သူ့သဘောပါ...""ကျတော်အနေနဲ့ကလည်း မရှိ မသိတဲ့ကိစ္စဆိုတော့ ဘာအဖြေမှမပေးနိုင်ပါဘူး.."
"ဝမ်သခင်လေး... ကျဲကိုအမြင်မကြည်နိုင်တာ ကျဲနားလည်ပါတယ်
ဒါပေမယ့် နောက်တခေါက်ကျဲပြန်မလာခင်အတွင်းတော့ သေချာစဉ်းစားပေးပါ
လက်ရှိမှာ လူကြီးတွေမသိသေးဘူးဆိုပေမယ့် အနှေးနဲ့အမြန်သိလာနိုင်မှာကိုလဲ ထည့်စဉ်းစားပေးပါ...""..."
"အားချန်မသိအောင်လာခဲ့ရတာမို့ အချိန်သိပ်ယူလို့မရဘူး ကျဲပြန်တော့မယ်နော်
အားကျန့်လေးကိုလဲ သေချာဂရုစိုက်ပေးပါဦး..."
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး