Part36

887 89 5
                                    


Unicode

"ရှောင်ကျန့်ကို ငါမတွေ့မိအောင် နေခိုင်းထား.."

ရုတ်တရပ်နေ့ခင်းကြီးပြန်လာကာ ဒေါသအရမ်းထွက်နေပုံရတဲ့ သခင်ကြီးကြောင့် အားလုံးလန့်သွားမိသည်။
သခင်ကြီး ဒီလိုဒေါသမထွက်တာ ကြာလှပြီလေ။

.......

ဝမ်ရီပေါ် အခန်းတံခါးကိုပါ ဆောင့်ပိတ်ချလိုက်ကာ
မျက်စိရှေ့ မြင်မြင်သမျှကို အကုန်ကို ဖျက်စီးပစ်လိုက်သည်။

**ရှောင်ကျန့် ...
ခများ ... ခများကများ......**

ဒီနေ့ ရှောင်ကျန့်နဲ့ သူ့ရဲ့မယူလိုက်ရရှာသော မိန်းမအကြောင်းတွေ ကြားခဲ့ရသည်။

ရှောင်ကျန့်က အင်မတန်ကိုချစ်ကြောင်း...

အလိုလိုက်ကြောင်း....

ငယ်ငယ်လေးတည်းက ရင်းနှီးခဲ့သူတွေဖြစ်ကြောင်း...

သူတို့လက်ထပ်ပြီးရင် နေဖို့အိမ်ကိုတောင် ရှောင်ကျန့်က ကိုယ်တိုင်ဒီဇိုင်းရွေးခဲ့ကြောင်း...

အိမ်အရှေ့မှာ ချယ်ရီပင်ပါ စိုက်ဖို့လုပ်ခဲ့ကြောင်း...

**ခွေးလိုကောင်!
ငါ့စိတ်ကူးထဲကအိမ်ကိုတောင် ဆောက်ချင်သေးတယ်ပေါ့
ဘာကိုမတော်တဆလဲ ဘာကိုမိဘကြောင့်လဲ
ခများကိုက ယူချင်နေခဲ့ပြီးတော့
ငါ့ကိုတချိန်လုံး လိမ်နေခဲ့ပြီးတော့... **

အရင်ရှောင်ကျန့်သာ ရှိသေးရင် မျက်နှာကို စုတ်ပျက်သွားအောင် သွားဆွဲထိုးမိလောက်ပြီ။ ခြေတွေလက်တွေပါ ရိုက်ချိုးမိမှာ ...

မွစာကျဲနေတဲ့ အပျက်အစီးတွေကြား သူဟာအရှုံးသမားတယောက်လို

ရှောင်ကျန့်က သူ့ကိုမချစ်ခဲ့ဘူးပဲ ...

ဘယ်တုန်းကမှ မချစ်ခဲ့ဘူးပဲ....

သူက အရူးပဲ....

အလိမ်မခံဘူး မယုံပါဘူးလို့ တွင်တွင်ပြောရင်း တချိန်လုံးအလိမ်ခံနေရတာပေါ့...

တင်းထားတဲ့ကြားက မျက်ရည်က အလိုလိုကျလာမိသည်။

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now