Unicode
"အကိုလေး..""ဘာလဲ..."
လေသံက မာနေရောပဲ
သူ့အခန်းရော သူ့ကုတင်ရော ပြင်လိုက်ရတဲ့အပြင်
ပြန်ရတဲ့ပန်းအိုးကလဲ သူ့အကြိုက်ဟုတ်မနေဘူး..
သူ့အသဲလေးတွေကို ဖျက်ဆီးပါတယ်ဆိုပြီး
လာသမျှလူကို မျက်စောင်းထိုးနေတာ..."ဟို.... ကျတော်တို့ သွားဆော့ကြမယ်လေ..."
"အားတိုင်းဆော့နေရအောင် ငါက ကလေးလား..."
"နေ့တိုင်းဆော့နေကြကို အကိုလေးကလဲ..."
"နေ့တိုင်းဆော့တိုင်း ဒီနေ့ဆော့ရမှာလား
မင်းတို့က ငါ့ကိုအချဉ်ထင်နေတာလား...""အကိုလေးကလဲဗျာ
ကိုယ့်ဘာသာ လျောက်ဝင်လို့ ကုတင်လဲရတဲ့ဟာ
ကျတော်တို့နဲ့ ဘာဆိုင်လို့လဲ...""မင်းတို့သွားတိုင်တာလေ
နည်းနည်းပါးပါး အခန်းထဲဝင်ကြည့်ပါလား...""တံခါးပိတ်ထားတယ်လေ..."
"ဖွင့်ဝင်လေ..."
"အင်းလေ ဝင်ဖို့ သခင်ကြီးကို သွားပြောတာလေ..."
"ဝင်ဖို့ပဲပြောလေ
ဘာလို့ ပေါက်ကရတိုင်ပြောလဲ...""ဟာာ အကြောင်းအရင်းတော့ ပြောရမှာပေါ့ အကိုလေးရဲ့..."
"တခြားပြောလေ
ငါအိပ်နေတယ် ငါစိတ်ဆိုးနေတယ် ငါရေချိုးနေတယ် ပြောပါလား...""ရေချိုးနေမှတော့ သခင်ကြီးလားပေးမှာ..."
"အင်းလေ စိတ်ဆိုးတယ်ဆိုလဲဆူမှာ..."
"ဟုတ်တယ် အိပ်နေလဲ သခင်ကြီးပဲလာခေါ်မှာ..."
"အာာားးး ...နေပါဦး အဲ့သော့က ဘာလို့မင်းတို့သခင်ကြီးဆီပဲရှိရတာလဲ
နောက်ကို ခိုးထား သိလား...""ခုတောင် ဒီလောက်ဆူခံနေရတာ ခိုးတာသာသိသွားပါလား အားလုံးနှင်ချခံရမှာ...
ပြဿနာထပ်မရှာပါနဲ့ဗျာ...""သူသာမရှိရင် ငါကသေမယ်ဆိုရင်တော့ သော့မရတော့ဘူးလား..."
"ငြိမ်ငြိမ်နေရင် ဘာမှမဖြစ်ဘူးလေ အကိုလေးရဲ့...
ဒီတခါတော့ သခင်ကြီးမှန်တယ်...
အကိုလေးကိုက မျောက်မူးလဲတာ...""အော် မင်းတို့သခင်ကြီး ငါ့ကိုမောင်းထုတ်တာကြ မကြားကြဘူးမလား...
ငါဘယ်လောက်ဝမ်းနည်းရလဲ..."
VOUS LISEZ
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး