Part35

1K 89 6
                                    

Unicode

"လူကတော့ ဗွက်တောထဲမှာ
နှလုံးသားက အမှိုက်ပုံမှာ"

ပိတ်ရက်လေး အလုပ်သေချာလုပ်မလားတွေးမိပါတယ်
စာကြည့်ခန်းထိ လိုက်ရှုပ်နေတယ်။

"ရှောင်ကျန့် ဝေးဝေးသွားဆော့ပါဗျာ..."

"ဘာလဲ ငါ စာပေလေ့လာနေတာ.."

ပြောပြီး ရှေ့ကစာအုပ်တအုပ် ကောက်ကိုင်လိုက်ပြန်သည်။

"အရာအားလုံးကို စွန့်လွှတ်လိုက်ရရင်တောင်
အကြွေးတွေကို ငါပိုင်တယ်..."

"အချစ်ဟာမီးတောက်တခုဆို
ငါဟာ ပြောင်းဖူးဖုတ်စားလိုက်မယ်.."

"လောကဓံတွေကို မတုန်လှုပ်သူဟာ
ကိုမာဝင်သူ ဖြစ်တယ်"

"ရှောင်ကျန့်  အခန်းထဲသွားဖတ်စမ်းပါဗျာ..."

"စာဆိုတာ စာကြည့်ခန်းမှာဖတ်မှ အရသာရှိတာ..."

"အဲ့တာဆိုလဲ စိတ်ထဲကဖတ်..."

"ဆိုရိုးစကားဆိုတာ အသံထွက်ဖတ်မှ အဓိပ္ပါယ်ပြည့်ဝတာ"

"ရှောင်ကျန့် ပေါက်ကရထပ်လုပ်မယ်ဆို ပြန်တော့..."

"ခြိမ်းခြောက်လိုက်တာ ပြီးရော
ပုံဆွဲမယ် ရလား..."

"အသံမထွက်ရင်ပြီးရော..."

......

စာရင်းတွေပြီးလို့ လှည့်ကြည့်တော့ အိပ်ပျော်နေပြီ။ ခုတလော ဆေးတွေသောက်ရလို့များလား ခဏခဏကို အိပ်ပျော်နေသည်။

သူ့လုပ်ရပ်တွေက လွန်များနေသလား ...

ရှောင်ကျန့်သာ သိခဲ့ရင် စိတ်ဆိုးလေမလား...

ခများဆိုရင်ကော ဘယ်လိုလုပ်မလဲရှောင်ကျန့်...

အင်းပေါ့လေ အရင်တည်းက ခများက ကျတော့ကို မရွေးချယ်ခဲ့သူပဲ

ကားမှောက်တည်းက သေအောင်ပစ်ထားပြီး အုတ်ဂူလှလှလေးပဲဆောက်ပေးထားမှာပေါ့...

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now