Part2

2K 125 1
                                    

Unicode
မနေ့ကပြသနာကြောင့်ပတ်တီးအဖွေးသားနဲ့ လူသားက ထော့နဲ့ထော့နဲ့နှင့် သူနားလာနေမှန်း မျက်လုံးထောင့်ကမြင်နေရပေမယ့် မသိချင်ယောင်သာဆောင်နေလိုက်သည်။

"ဟိုလေ... ဝမ်သခင်ကြီး.."
အခေါ်အဝေါ်အရတော့ တခုခုလိုချင်တာထင်ပါရဲ့

"ပြော..."

"ဟိုလေ ကျန့်ကျန့်မားမားကိုတွေ့ချင်လို့..."

"ဘာ..."

ရီပေါ်လက်ထဲကသတင်းစာက လွတ်ကျမတတ်ပင်
ဘယ်လိုလုပ် ဘယ်လိုလုပ်...
ရှောင်ကျန့်က သူ့မိဘတွေကိုသတိပြန်ရသွားတာလဲ ကျန်တာတွေရောဘယ်လောက်ပြန်မှတ်မိနေပြီလဲ...
သူအံဩတကြီး ရှောင်ကျန့်ကိုလှမ်းကြည့်မိတော့ ရှောင်ကျန့်လဲ လန့်သွားပုံပင်
"ဟို.. မား.. မားကိုသတိရလို့ပါ..."

"ဘယ်တုန်းကလဲ ဘယ်တုန်းတည်းကလဲ..."

"မနေ့တည်းက ခြေထောက်နာတည်းက..."

"ကျန်တာရော ဘာတွေသတိရသေးလဲ..."

သူ့အရှေ့က အထိတ်တလန့်မေးနေတဲ့ ဝမ်ရီပေါ်ကြောင့် သူလဲခေါင်းလေးစောင်းလို့ သေချာစဉ်းစားကြည့်မိသည်။ 
"အွန်...မားမားရယ် ... စစ်ကျွေးရယ် .. အသားလုံးစွတ်ပြုတ်ရယ် ... ဖက်ထုပ်ရယ်... နောက်ပြီးးးတော့..."

"ဟမ်... မင်းအခု ဝမ်အိမ်တော်ကို ပြောနေတာလား.."

"အွန်းလေ မားမားကိုလွမ်းလို့ ... တွေ့ချင်လို့...."

ဟူးးးး ငါအတွေးလွန်သွားတာပဲ ... ဒိလောက်ဖြစ်ထားတာ သူကဘယ်လိုလုပ်သတိပြန်ရနိုင်မှာလဲ ....

"ရှင်းရှင်းလင်းလင်းပြောလေ...."

"ပြောနေတာပဲလေ မားမားကိုတွေ့ချင်ပါတယ်ဆို..."

"ကျစ်.... အါ့အစားအစာတွေအိမ်မှာလုပ်ခိုင်းလဲရတာပဲ  မားဆီသွားမရှုပ်နဲ့..."

"မုန့်စားဖို့ဟုတ်ပါဘူး မားကိုလွမ်းလို့ပါဆို....
နော်နော် အားကျန့်လိမ်လိမ်မာမာနေမယ်လေ သခင်ကြီးရယ် "

လိုချင်တာများရှိရင် အားကျန့်နဲ့သခင်ကြီးပေါ့ သောက်ရမ်းတွေရိုသေနေလိုက်တာ....
"ပြီးရော ခဏနေအလုပ်သွားရင်လိုက်ခဲ့..."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now